စရဖ တပ်ကြပ် အသတ်ခံရမှု လူငယ် ၄ ဦးကို တရားစွဲတင်

2019-01-14
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးခဲ့ရတဲ့ အမှတ်(၁) စစ်ဘက်ရေးရာ လုံခြုံရေးအကူတပ်ဖွ့ဲ့က တပ်ကြပ် ဝင်းထိုက် ကို တွေ့ရစဉ်
သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးခဲ့ရတဲ့ အမှတ်(၁) စစ်ဘက်ရေးရာ လုံခြုံရေးအကူတပ်ဖွ့ဲ့က တပ်ကြပ် ဝင်းထိုက် ကို တွေ့ရစဉ်
Photo: Moe MIn

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့က တပ်ကြပ် ဝင်းထိုက် (ခေါ်) ကိုဖိုးလုံး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဖမ်းဆီးစစ်ဆေးခံရပြီးနောက် ရဲအာမခံနဲ့ လွှတ်ပေးထားတဲ့ လူငယ် ၃ ဦးအပါအဝင် ၄ ဦးကို လူသတ်မှု ပုဒ်မ ၃၀၂/၃၄ နဲ့ တရားစွဲတင်ပြီး စစ်တွေအကျဉ်းထောင်ကို ဒီနေ့ ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

ရဲအာမခံနဲ့ လွှတ်ပေးထားတဲ့ လူငယ် ၃ ဦးကို မနေ့ညနေက စစ်တွေမြို့မ ရဲစခန်းက ပြန်လည်ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

အဲဒီလူငယ် ၃ ဦး အပါအဝင် ရခိုင်ပြည်နယ်နေ့က ရန်ကုန်မြို့မှာ ထပ်မံဖမ်းဆီးလိုက်တဲ့ ရခိုင်လူငယ်တစ်ဦး၊ စုစုပေါင်း ၄ ဦးကို စစ်တွေအကျဉ်းထောင်ကို ပို့ဆောင်လိုက်တာပါ။

ရန်ကုန်မြို့မှာ ဖမ်းဆီးလိုက်တဲ့ ကိုရဲကျော်(ခ) ကိုနီအောင် ကို စစ်ဆေးတဲ့အခါမှာ ဥပဒေအကြံပေးက အဲဒီလူငယ် ၃ ဦးပါ ပါဝင်ပတ်သက်မှုရှိတယ်လို့ အကြံပေးတာကြောင့် အခုလိုပြန်လည် ဖမ်းဆီးတာဖြစ်တယ်လို့ ဒီလူငယ် ၃ ဦးရဲ့ ရှေ့နေ ဒေါ်အေးနုစိန် က ပြောပါတယ်။

တပ်ကြပ် ဝင်းထိုက်ဟာ စက်တင်ဘာလ ၂၅ရက်နေ့ညက စစ်တွေမြို့လယ်မှာရှိတဲ့ ဝင်္ကဘာကွင်းက ပွဲဈေးတန်းမှာ မိသားစုနဲ့ လည်ပတ်နေစဉ် သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံရတာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

ဆိုက်တခုလုံးသို့