စစ်ကောင်စီက ကမ္ဘာသိလုပ်ရပ်ဆိုးတွေလုပ်နေတယ်လို့ PPST ဥက္ကဋ္ဌ ပြော

2021.03.12
စစ်ကောင်စီက ကမ္ဘာသိလုပ်ရပ်ဆိုးတွေလုပ်နေတယ်လို့ PPST ဥက္ကဋ္ဌ ပြော PPST ယာယီ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်ကို တွေ့ရစဉ်
Photo: RFA

ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်း ပစ်ခတ်သတ်ဖြတ်တာ၊ ပုဒ်မအမျိုးမျိုးတပ် မတရား ဖမ်းဆီးတာ၊ ဘုန်းတော်ကြီးကျောင်းတွေ၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေမှာတပ်စွဲတာ စတာတွေဟာ စစ်ကောင်စီရဲ့ ကမ္ဘာသိလုပ်ရပ်ဆိုးတွေလို့ ဒီနေ့ PPST ယာယီ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားလိုက်ပါတယ်။

မတ်လ ၁၁ ရက် မနေ့ကစပြီး ၂ ရက်တာ အွန်လိုင်းပေါ်ကနေ ကျင်းပတဲ့ အပစ်ရပ်တိုင်းရင်းသား လက်နက် ကိုင် ၁၀ ဖွဲ့ PPST အစည်းအဝေး နိဂုံးချုပ်မိန့်ခွန်းမှာ ဗိုလ်ချုပ်ကြီး ယွက်စစ်က အခုလို ထည့်သွင်းပြောကြား သွားတာပါ။

အာဏာသိမ်းစစ်ကောင်စီဟာ NCA စာချုပ်ကို ကိုင်စွဲထားဆဲပဲလို့ပြောဆိုနေပေမယ့် အာဏာသိမ်းပြီးနောက် ပိုင်း NCA စာချုပ်ကို ချိုးဖောက်တဲ့လုပ်ရက်တွေ စဉ်ဆက်မပြတ် လုပ်ဆောင်လာတာဟာ NCA အပေါ် စစ်ကောင်စီရဲ့ ရပ်တည်ချက်ကို မေးခွန်းထုတ်စရာဖြစ်တယ်လို့ ထည့်သွင်းပြောကြားထားပါတယ်။

ဆန္ဒပြပွဲတွေ၊ CDM လှုပ်ရှားမှုတွေကို စစ်ကောင်စီက ရက်စက်စွာ ပစ်ခတ်တိုက်ခိုက် ဖြိုခွင်းနေတာတွေနဲ့ ပြည်သူတွေကို ဥပဒေမဲ့လိုက်လံဖမ်းဆီးတာတွေကို အမြန်ဆုံးတားဆီးနိုင်ရေး ဒီအစည်းအဝေးမှာ ဆွေးနွေး ညှိနှိုင်းပြီး နည်းလမ်းရှာနိုင်ခဲ့တယ်လို့လည်း ဗိုလ်ချုပ်ကြီး ယွက်စစ်က ဆိုပါတယ်။

လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး ဆောင်ရွက်နိုင်ရေးကိုလည်း ဆွေးနွေး ခဲ့တယ်လို့ ဆိုပါတယ်။

အပစ်ရပ်အဖွဲ့တွေ ဖွဲ့စည်းထားတဲ့ PPST အနေနဲ့ စစ်ကောင်စီနဲ့ နိုင်ငံရေးအရဆွေးနွေးတာတွေ ရပ်ဆိုင်းထား မယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-03-12 19:54

We urge PPST discuss with CRPH for Federal democracy.