နေရပ်ပြန်ခွင့်ရရေး ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်မှာ တောင်းဆိုဆန္ဒပြ

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်နယ်မြေရှင်းလင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားရတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ခွင့်ရရေး တောင်းဆိုတဲ့ ဆန္ဒပြပွဲတစ်ခုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဆက်ဘဇားပြည်နယ်မှာ ပြုလုပ်ခဲ့ပါတယ်။

ဩဂုတ်လ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှု ငါးနှစ်ပြည့်အထိမ်းအမှတ်နေ့မှာ ကော့ဆက်ဘဇားပြည်နယ်ထဲက ဒုက္ခသည်စခန်း ၂၀ က ရိုဟင်ဂျာတွေ စုပေါင်းပြီး ဆန္ဒပြတောင်းဆိုခဲ့တာပါ။

အဲဒီပွဲမှာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ နိုင်ငံသားဖြစ်ခွင့်ပြန်လည်ရရှိရေးတို့အတွက် တရားမျှတစွာ စုံစမ်းစစ်ဆေးပေးဖို့လည်း ရိုဟင်ဂျာဒုက္ခသည်တွေက တောင်းဆိုတိုက်တွန်းခဲ့ကြပါတယ်။