သတင်းလွတ်လပ်ခွင့်အမှောင်ကျတဲ့နေ့ဖြစ်ကြောင်း AI ပြောကြား

2018-07-09
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး၊ အင်းစိန်မြို့နယ်။
ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး၊ အင်းစိန်မြို့နယ်။
Photo: RFA

ရိုက်တာသတင်းထောက် နှစ်ဦးကို တရားစွဲဆိုဖို့ တရားရုံးက ခွင့်ပြုလိုက်တာဟာ မြန်မာနိုင်ငံရဲ့ သတင်းစာ လွတ်လပ်ခွင့်အတွက် အမှောင်ကျတဲ့ နေ့တနေ့ဖြစ်ကြောင်း ဗြိတိန်အခြေစိုက် Amnesty International ခေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဒီနေ့ ပြေားလိုက်ပါတယ်။

ဒီနေ့ဟာ မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့်အတွက် အမှောင်ကျတဲ့နေ့ရက် ဖြစ်ကြောင်း၊ ပျက်ရယ်ပြုစရာနဲ့ နိုင်ငံရေးရည်ရွယ်ချက်ပါတဲ့ ဒီစွပ်စွဲချက်ကို လက်ခံဖို့ တရားရုံးက ဆုံးဖြတ်လိုက်တာဟာ အထူး စိတ်ပျက်စရာကောင်းပြီး မြန်မာနိုင်ငံရဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာလောကအတွက် အကျိုးဆက်တွေ အများကြီး ဖြစ်စေကြောင်း၊ ဒီဆုံးဖြတ်ချက်ဟာ ပြီးခဲ့တဲ့နှစ် အနည်းငယ်အတွင်း မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေအတွက် စိုးရိမ်စရာ ယုတ်လျော့လာတဲ့ နောက်ထပ်လက္ခဏာတရပ် ဖြစ်ကြောင်း AI အဖွဲ့ရဲ့ နိုင်ငံတကာ ပဋိပက္ခများ တုံ့ပြန်ရေးဆိုင်ရာ ညွန်ကြားရေးမှူး Tirana Hassan က ပြောပါတယ်။

အလားတူ ရိုက်တာသတင်းထောက် ၂ ဦးအမှုအပေါ် စွဲချက်ကို တရားရုံးက လက်ခံလိုက်တာနဲ့ပတ်သက်လို့ ဒါဟာ မြန်မာနိုင်ငံရဲ့ သတင်းစာလွတ်လပ်ခွင့်အပေါ် ထိုးနှက်ချက်တခုဖြစ်ပြီး၊ မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ ဘယ်လောက် အခြေမခိုင်၊ ကွဲရှလွယ်တယ် ဆိုတာကို ပြသနေကြောင်း HRW လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ အာရှရေးရာ ဒုတိယညွန်ကြားရေးမှူး Phil Robertson က ပြောလိုက်ပါတယ်။

ဒီနေ့ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံမှာ ၂ဝ၁၅ ခုနှစ်နောက်ပိုင်း လူ့အခွင့်အရေးအခြေအနေ နောက်ကြောင်းပြန် ပြိုလဲနေတာကို ထင်ထင်ရှားရှား ညွှန်ပြနေကြောင်း၊ ဒီကိုလိုနီခေတ်ဥပဒေကို ဖျက်သိမ်းဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရအနေနဲ့ ကြိုးပမ်းသင့်ကြောင်းလည်း HRW က တိုက်တွန်းထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့