ရိုဟင်ဂျာ ဒုက္ခသည်တွေ အရေး ကွန်ဂရက်စ် ကြားနာပွဲ ပြုလုပ်
2011.07.26
ရိုဟင်ဂျာ ဒုက္ခသည်လှေများအား ထိုင်းရေတပ်က ပင်လယ်ပြင်ထဲသို့ ပြန်ပို့ခဲ့ပုံအကြောင်း CNN ရုပ်မြင်သံကြား သတင်းဌာနက ရိုက်ကူးပြသခဲ့သည့် မှတ်တမ်းတင် ဗီဒီယိုကို Amnesty International အဖွဲ့က ၂၀၀၉ ခုနှစ် အတွက် သတင်းမီဒီယာဆု ချီးမြင့်ခဲ့ပါသည်။ (Photo: Screen shot from CNN footage)
(Photo: Screen shot from CNN footage)
ကြားနာပွဲမှာ Ms. Quigley က ရိုဟင်ဂျာတွေရဲ့ လက်ရှိ အခြေအနေ၊ မြန်မာ စစ်အစိုးရရဲ့ ဖိနှိပ်ခံရမှု သမိုင်းကြောင်း တွေကို တင်ပြခဲ့ပြီး ရိုဟင်ဂျာတွေရဲ့ အခြေအနေ အကြောင်း သတင်း အချက်အလက်တွေ ရယူရာမှာ အောက်ခြေပိုင်း အဖွဲ့အစည်းတွေရဲ့ အသုံးဝင်ပုံတွေကိုလည်း တင်ပြခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ တခြား တိုင်းရင်းသား လူမျိုးစုတွေဟာလည်း စစ်အစိုးရရဲ့ ဖိနှိပ်မှုက မလွတ်ကင်းကြပါဘူး၊ အထူးသဖြင့် ဖွံ့ဖြိုးရေး နဲ့ စီးပွားရေး စီမံကိန်းတွေရှိတဲ့ နေရာတွေမှာ ဖိနှိပ်မှု ပိုပြီး တိုးများတဲ့ အခြေအနေတွေ တွေ့ရပါတယ်လို့ သူက ပြောသွားပါတယ်။









