နိုင်ငံတကာ နယ်နိမိတ်အတွင်း နေထိုင်သူဆိုတဲ့ အသုံးနှုန်းကို ကန့်ကွက်


2019.01.25
rohingya-border-622.jpg မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ သွားရောက်နေထိုင်နေကြတဲ့ မွတ်စလင်ဒုက္ခသည်တွေကို တွေ့ရစဉ်
Photo: RFA

မြန်မာ- ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကြား နေထိုင်သူတွေကို "နိုင်ငံတကာနယ်နိမိတ်အတွင်း နေထိုင်သူတွေ"လို့ သုံးနှုန်းခဲ့တာကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးမောင်မြင့်က ကန့်ကွက်လိုက်ပါတယ်။

၂၀၁၈ ခုနှစ်၊ သြဂုတ်လအတွင်း နေပြည်တော်မှာ ကျင်းပခဲ့တဲ့ မြန်မာ- ဘင်္ဂလားဒေ့ရှ် ဝန်ကြီးအဆင့် အစည်းအဝေးရဲ့ သဘောတူညီချက် ၈ ချက်မှာ "နိုင်ငံတကာနယ်နိမိတ်အတွင်း နေထိုင်သူတွေ" လို့ သုံးနှုန်းလိုက်တာဟာ တိုင်းပြည်အတွက် အန္တရာယ်ကို ဖိတ်ခေါ်သလိုဖြစ်နေတယ်ဆိုပြီး မှားယွင်းသုံးစွဲတာဆိုရင် ပြန်လည်ပြင်ဆင်ပေးဖို့ ကိုယ်စားလှယ် ဦးမောင်မြင့်က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့တာဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်ကတော့ အဲဒီအသုံးအနှုန်းဟာ မှားယွင်းသုံးစွဲတာ မဟုတ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။