နိုင်ငံတကာ နယ်နိမိတ်အတွင်း နေထိုင်သူဆိုတဲ့ အသုံးနှုန်းကို ကန့်ကွက်

0:00 / 0:00

မြန်မာ- ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကြား နေထိုင်သူတွေကို "နိုင်ငံတကာနယ်နိမိတ်အတွင်း နေထိုင်သူတွေ"လို့ သုံးနှုန်းခဲ့တာကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးမောင်မြင့်က ကန့်ကွက်လိုက်ပါတယ်။

၂၀၁၈ ခုနှစ်၊ သြဂုတ်လအတွင်း နေပြည်တော်မှာ ကျင်းပခဲ့တဲ့ မြန်မာ- ဘင်္ဂလားဒေ့ရှ် ဝန်ကြီးအဆင့် အစည်းအဝေးရဲ့ သဘောတူညီချက် ၈ ချက်မှာ "နိုင်ငံတကာနယ်နိမိတ်အတွင်း နေထိုင်သူတွေ" လို့ သုံးနှုန်းလိုက်တာဟာ တိုင်းပြည်အတွက် အန္တရာယ်ကို ဖိတ်ခေါ်သလိုဖြစ်နေတယ်ဆိုပြီး မှားယွင်းသုံးစွဲတာဆိုရင် ပြန်လည်ပြင်ဆင်ပေးဖို့ ကိုယ်စားလှယ် ဦးမောင်မြင့်က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့တာဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်ကတော့ အဲဒီအသုံးအနှုန်းဟာ မှားယွင်းသုံးစွဲတာ မဟုတ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။