ရိုဟင်ဂျာတွေအတွက် အမေရိကန်က ဒေါ်လာသန်း ၆၀ ထပ်မံကူညီမည်

2019-02-15
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသက ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့က တွေ့ရစဉ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသက ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့က တွေ့ရစဉ်
Photo: Dibyangshu SARKAR / AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန်အစိုးရက နောက်ထပ် ဒေါ်လာ သန်း ၆၀ ထောက်ပံ့ကူညီပေးမယ်လို့ မနေ့က ကြေညာပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာကျင်းပတဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေကို ကူညီပေးရေး ဆွေးနွေးပွဲမှာ ကြေညာလိုက်တာပါ။ ဒီငွေနဲ့ ဒုက္ခသည် ၉ သိန်းကျော်ရဲ့ အရေးပေါ်လိုအပ်ချက်တွေကို ကူညီပေးနိုင်မှာဖြစ်ပြီး အများစုက မြန်မာပြည်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီကို  အမေရိကန်က အဓိက ကူညီပေးနေပြီး ၂၀၁၇ သြဂုတ်လကစလို့ ခုချိန်ထိ အမေရိကန်ဒေါ်လာ ၄၄၉ သန်း ကူညီပြီးပြီလို့ သိရပါတယ်။ အဲဒီထဲမှာ ဒေါ်လာ ၄၀၆ သန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကူညီပေးခဲ့တာဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့