မြန်မာကို ယုံကြည်ရတဲ့မဟာမိတ်အဖြစ် ရုရှားသတ်မှတ်


2019.04.24
russia2-622.jpg ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရုရှားကာကွယ်ရေးဝန်ကြီး Sergey Shoygu တို့ ဧပြီ ၂၄ ရက်နေ့က တွေ့ဆုံစဉ်။
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

မြန်မာနိုင်ငံကို ရုရှားရဲ့ယုံကြည်ရတဲ့မဟာမိတ်အဖြစ်ရော အရှေ့တောင်အာရှနဲ့ အာရှ-ပစိဖိတ်ဒေသ ဆိုင်ရာ ဗဟာဗျူဟာမိတ်ဖက်အနေနဲ့ရော စဉ်းစားထားတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီး Sergey Shoygu ကပြောလိုက်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ရုရှားနိုင်ငံကို ရောက်နေတဲ့အချိန်မှာပြောလိုက်တာပါ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့အဖွဲ့ဟာ မော်စကိုမြို့မှာ ကျင်းပနေတဲ့ ရှစ်ကြိမ်မြောက် မော်စကိုနိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ တက်ရောက်နေတာ ဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ်ဟာ ရုရှားရဲ့ စစ်လက်နက်စက်ရုံတွေကို သွားရောက်လေ့လာခဲ့တယ်လို့ ဒေသတွင်းသတင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။