SNLD ပါတီဒုဥက္ကဋ္ဌ စိုင်းညွန့်လွင်ကို ပါတီဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်

2021.02.03
SNLD ပါတီဒုဥက္ကဋ္ဌ စိုင်းညွန့်လွင်ကို ပါတီဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌအသစ် စိုင်းညွန့်လွင် ကို တွေ့ရစဉ်
Photo: Sai Nyut Lwin Facebook

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦး နုတ်ထွက်မှုကို အတည်ပြုပြီး တစ်ပတ် အကြာမှာ ပါတီဥက္ကဋ္ဌအဖြစ် ဒုတိယဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့တဲ့ စိုင်းညွန့်လွင်ကို ရွေးချယ်လိုက်ပြီလို့ SNLD ပါတီက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံရေးအခြေအနေအရ ခေါင်းဆောင်ပိုင်း လစ်လပ်နေတာကို မထားသင့်ဘူးလို့ ယူဆတဲ့အတွက် အမြန်ဆုံး ဆောင်ရွက်လိုက်တာဖြစ်တယ်လို့ ပါတီဥက္ကဋ္ဌအဖြစ် ခန့်အပ်ခန့်လိုက်ရတဲ့ စိုင်းညွန့်လွင်က RFA ကို ပြော ပါတယ်။

နိုင်ငံရေးအခြေအနေအရ ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးလုပ်ပြီး ပါတီဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ နှစ်ဦးကို ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။

ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ (၁) နေရာကို စိုင်းခမ်းပိုင်ဖ(ခ) ဦးခင်မောင်ညွန့်နဲ့ ဒုတိယဥက္ကဋ္ဌ (၂ )နေရာကို စိုင်းလှဖေ တို့ကို ရွေးချယ်ထားတာဖြစ်ပါတယ်။

နေပြည်တော် စည်ပင်ဧည့်ရိပ်သာကိုရောက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း နေရပ်ပြန်ဖို့ ပါတီက ပြောကြားထားပြီးဖြစ်တယ်လို့ ပါတီဥက္ကဋ္ဌ စိုင်းညွန့်လွင်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။