ဆားလင်းကြီးမြို့နယ် ဘိုက်သရက်ရွာမှာ ဒေသခံနှစ်ဦးသတ်ဖြတ်ခံရ

RFA Burmese
2023.04.02
ဆားလင်းကြီးမြို့နယ် ဘိုက်သရက်ရွာမှာ ဒေသခံနှစ်ဦးသတ်ဖြတ်ခံရ အိုးအိမ်စွန့်ခွာထွက်ပြေးလာကြသည့် ဆားလင်းကြီးမြို့နယ်အတွင်းမှ ဒေသခံများကို ၂၀၂၃ ခုနှစ် မတ်လ ၆ ရက်နေ့က တွေ့ရစဉ်။
ပြည်သူမှ ပြည်သူသို့

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ အင်အား ၁၅၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်လာတဲ့ ဒေသခံနှစ်ဦးကို ဘိုက်သရက်ကျေးရွာမှာ သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ မြင်းညှာဘွားရွာက အသက် ၂၂ နှစ်အရွယ် ကိုအေးကိုနဲ့ နောက်ထပ် အမျိုးသားတစ်ဦးဖြစ်ပြီး သူ့ရဲ့အမည်နဲ့ နေရပ်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီတပ်က ဘိုက်သရက်ရွာကို မတ်လ ၃၁ ရက်ကဝင်ရောက်ခဲ့ပြီး ဧပြီလ ၁ ရက် ရွာကပြန်ထွက်ခွာချိန်မှာ ရုပ်အလောင်းနှစ်ခုကို တွေ့ရတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

“မြင်းညှာဘွားသားက အိမ်သာထဲမှာပိတ်ပြီးတော့ လက်ပြန်ကြိုးတုပ်ပြီးတော့ သတ်တာ။ နောက်တစ်ယောက်ကကျတော့ စပါးခွံတွေဖုံးပြီးတော့ အပေါ်ကကြောင်အိမ်နဲ့ ဖိပြီးတော့သတ်ခဲ့တာ။ သူက ရုပ်လုံးမပေါ်တော့တဲ့အတွက် ဘယ်သူ ဘယ်ဝါဆိုတာ မသိတာ”

အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးအေးလှိုင်ကို RFA ကဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ဒီမိုကရေစီရေး လှုပ်ရှားသူတွေအပါအဝင် ပြည်သူ ၃,၁၉၄ ဦးသေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။