နိုင်ငံတော်အကြီးအကဲတွေ ကို ဖေ့စ်ဘွတ်ကနေ ဆဲဆိုသူ ထောင်ကျ
2017.05.26
နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖေ့စ်ဘွတ်လူမှုကွန်ရက် စာမျက်နှာပေါ်ကနေ ဆဲဆိုပုတ်ခတ်တာတွေ ရေးသားတဲ့ မစန္ဒီမြင့်အောင်ကို ပဲခူးမြို့နယ် တရားရုံးက ဆက် သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) အရ အလုပ်နဲ့ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။
ပြစ်မှုကျုးလွန်ကြောင်း ထင်ရှားတဲ့အတွက် တရားသူကြီးကနေ အလုပ်နဲ့ ထောင်ဒဏ် ၆ လ ချမှတ်လိုက်တာ ဖြစ် တယ်လို့ မစန္ဒီမြင့်အောင် ရဲ့ ရှေ့နေ ကိုလူမင်း က ပြောပါတယ်။
"ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားလို့ဆိုပြီးတော့ပဲ ချတာပေါ့။ သူ့ဘက်ကတော့ ဘာမှ ပြောစရာမရှိ ဘူးလေ။ အမှုသဘောအရ ဒီနေ့က ဘာမှပြောခွင့်မရှိတော့ဘူးလေ။ တရားသူကြီးရဲ့ အမိန့်ကိုပဲ နားထောင်ရတာ။ နားထောင်တော့ နောက်ဆုံး သုံးသပ်ချက်အရ ပြစ်မှုကျုးလွန်ကြောင်း ပေါ်ပေါက် တယ်။ ဒါကြောင့်မို့လို့ အလုပ်နဲ့ ထောင်ဒဏ် ၆ လဆိုပြီး ချလိုက်တာပဲ။"
နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တို့ကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်ထားတာကြောင့် ပဲခူးမြို့မှာနေထိုင်တဲ့ မလင်းလဲ့လဲ့လှိုင်က ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
မစန္ဒီမြင့်အောင်ကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့မှာ အာမခံပေးခဲ့တာဖြစ်ပြီး ဒီကနေ့မှာ အမိန့် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။