စလင်းမြို့ NLD တိုင်းကိုယ်စားလှယ် ဒုတိယအကြိမ် အဖမ်းခံရ

2021-09-21
Share
စလင်းမြို့ NLD တိုင်းကိုယ်စားလှယ် ဒုတိယအကြိမ် အဖမ်းခံရ အဖမ်းခံရတဲ့ စလင်းမြို့နယ်က အမှတ် (၂) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသက်ခိုင် ကို တွေ့ရစဥ်
Photo: CJ
မကွေးတိုင်း၊ စလင်းမြို့နယ် အမျိုးသားသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ အမှတ် (၂) တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးသက်ခိုင်ကို စစ်ကောင်စီက စက်တင်ဘာလ ၂၁ ရက် မနေ့မှာ ဖမ်းသွားပါတယ်။
 
ဘာကြောင့်ဖမ်းသွားလဲဆိုတာ မသိရသေးဘဲ လက်ရှိမှာတော့ စစ်ကောင်စီလက်အောက်ခံ စလင်းမြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ဦးသက်ခိုင်ဟာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပထမအကြိမ် အဖမ်းခံခဲ့ရ ပြီးနောက် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နဲ့ အဆက်အသွယ်မလုပ်ပါဘူးဆိုတဲ့ ဝန်ခံချက်နဲ့ ပြန်လည်လွတ်မြောက်လာသူဖြစ်ပြီး အခုက အဖမ်းခံရတာ ဒုတိယအကြိမ်ဖြစ်ပါတယ်။
 
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့