သရက်မြို့ ပဋိပက္ခမှာ ပါဝင်သူတွေကို ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်


2019-02-02
Share
thayet-riot-622.jpg မကွေးတိုင်း သရက်မြို့မှာ ဒေသခံတွေအကြားပဋိပက္ခဖြစ်ပွားပြီး ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ ပစ်ခတ်တဲ့အတွက် ဒဏ်ရာရသူ တစ်ဦးကို ၂ဝ၁၉ ဖေဖော်ဝါရီ ၁ ရက်နေ့ညက တွေ့ရစဉ်
ဓာတ်ပုံ - ပေါက်ကလေး (သရက်)

မကွေးတိုင်း သရက်မြို့မှာ မနေ့ညနေက ဒေသခံအချင်းချင်း ပဋိပက္ခဖြစ်ပွားခဲ့ရာမှာ ပါဝင်သူတွေကို သရက်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ရဲတပ်ဖွဲ့ဝင်တွေကို နာကျင်စေမှုအပါအဝင် ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်လိုက်ကြောင်း မကွေးတိုင်းဒေ သကြီးရဲတပ်ဖွဲ့က ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေကို နာကျင်စေမှု ပုဒ်မ ၃၃၂၊ ခြိမ်းခြောက်မှု ပုဒ်မ ၂၉၄၊ ပူးပေါင်းကြံစည်မှု ပုဒ်မ ၁၁၄ တို့နဲ့ တရားစွဲဆိုထားတာလို့ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်လတ်က RFA ကို ပြောပါတယ်။

ပဋိပက္ခဖြစ်ပွားချိန်မှာ လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြန်လည်တိုက်ခိုက်တာကြောင့် ရဲတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ရဲမှူးကြီး ခင်မောင်လတ်က ပြောပါတယ်။

ဒေသခံတွေအချင်းချင်း မနေ့ကဖြစ်ပွားတဲ့ ပဋိပက္ခကြောင့် လူ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်ဖွဲ့က လူစုခွဲဖို့ကြိုးစားရာမှာ ရာဘာကျည်အသုံးပြုပြီး ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သေနတ်ဒဏ်ရာရရှိသူ ၂ ဦးဟာ သရက်ခရိုင်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ဇောဝင်းနဲ့ ကိုထက်အာကာတို့ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့