တိုက်ပွဲကြောင့် ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် ထိခိုက်မှုမရှိ

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရခိုင်တပ်မတော် AA နဲ့ မြန်မာတပ်မတော်တို့တိုက်ပွဲကြောင့် ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို ထိခိုက်မှုမရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ပြောလိုက်ပါတယ်။

နေပြည်တော်မှာ ဒီနေ့ကျင်းပတဲ့ အလုပ်ရှင်၊ အလုပ်သမား ပဋိပက္ခဖြေရှင်းရေး အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာချိန်မှာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောလိုက်တာဖြစ်ပါတယ်။

ပြန်လည်လက်ခံရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေရှ့်အစိုးရကြား သဘောတူညီထားတဲ့ စာချုပ်အတိုင်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး ပြန်လည်လက်ခံရေးလုပ်ငန်း စတင်မယ့်အချိန်ကိုတော့ ပြောဆိုခဲ့တာမရှိပါဘူး။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။