လွှတ်တော်အာဏာရှင် စနစ် ပေါ်လာမှာကို ရွေးကော် ဥက္ကဌ စိုးရိမ်

2016-02-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က ရွေးကောက်ပွဲဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း နိုင်ငံလုံးအဆင့် အစည်းအဝေး ပြုလုပ်စဉ်
ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က ရွေးကောက်ပွဲဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း နိုင်ငံလုံးအဆင့် အစည်းအဝေး ပြုလုပ်စဉ်
Photo: Kyaw Htoon Naing/RFA

လွှတ်တော်ကိုယ်စားလှယ်တွေကို တာဝန်ကနေ ပြန်လည်ရုပ်သိမ်းနိုင်မယ့် ဥပဒေကို မပြဌာန်းနိုင်သေးတဲ့အတွက် လွှတ်တော်အာဏာရှင်စနစ် ပေါ်လာမှာကို စိုးရိမ်မိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာပြုလုပ်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း နိုင်ငံလုံးအဆင့် အစည်းအဝေး အခမ်းအနားမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ကော်မရှင် ဥက္ကဌ ဦးတင်အေး က ပြောလိုက် တာ ဖြစ်ပါတယ်။

"ကျနော်က လွှတ်တော်ကိုယ်စားလှယ် ရွေးပေးလိုက်တယ်၊ နိုင်ငံတိုးတက်အောင် လုပ်စေချင်တယ်၊ ဒီလွှတ်တော် ကိုယ်စားလှယ်တွေက နိုင်ငံတိုးတက်အောင် လုပ်ဆောင်နိုင်စွမ်းမရှိဘူးဆိုရင် လူထုကပြန်ဖြုတ်ချရမယ်၊ ရှိဖို့သင့်တဲ့အကြောင်း ကျနော်ကပြဌာန်းပါလို့ပြောတယ်၊ ကျနော်ကိုယ်တိုင်လည်း ရေးပြီးတော့တင်ခဲ့တယ်၊ လုပ်သားပြည်သူလေ့လာနိုင်လည်း သတင်းစာထဲထည့်ခဲ့လိုက်တယ်၊ သို့သော်လည်း ဒီဥပဒေဟာ မပြဌာန်း လာတဲ့အခါကျ လွှတ်တော်အာဏာရှင်စနစ်တွေ ပေါ်လာမှာ ကျနော်စိုးရိမ်တယ်၊ ဒီ Recall Law မအောင်မြင် တာပေါ့လေ၊ သို့သော်လည်း လွှတ်တော်မှာ Recall Law ကြီးကို ဆိုင်းငံ့တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ရှိပါတယ်၊ ကျနော့်ဘက်က Recall Law ကြီး မပေါ်ပေါက်တာ အားမရဘူးလို့ပဲ ပြောချင်ပါတယ်"

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၆ အရ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို တာဝန်ကနေ ပြန်လည်ရုပ်သိမ်းပေးဖို့ သက်ဆိုင်ရာမဲဆန္ဒနယ်ရဲ့ မဲပေးပိုင်ခွင့်ရှိသူ ၁%က တိုင်ကြားလာရင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စစ်ဆေးပိုင်ခွင့်ရှိတယ်လို့ ပြဌာန်းထားပါတယ်။

လွှတ်တော်မှာ ကိုယ်စားလှယ်အများစုအနိုင်ရထားတဲ့ တစ်ပါတီတည်းက ကြီးစိုးလာမယ်ဆိုရင် လွှတ်တော် ကိုယ်စားလှယ်တွေကို ထိန်းကြောင်းနိုင်ဖို့အတွက် ဒီဥပဒေဟာ ပြဌာန်းသင့်တယ်လို့ ဦးတင်အေး က ပြောပါတယ်။

အဲဒီဥပဒေပြဌာန်းဖို့အတွက် ဦးတင်အေးဟာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ စတင်ထမ်းဆောင်စဉ်က ပြဌာန်းပေးဖို့ လွှတ်တော်မှာတင်ပြခဲ့ပေမယ့် ပြည်ထောင်စုလွှတ်တော်က ၂၀၁၅ ခုနှစ် သြဂုတ်လမှာ ဆိုင်းငံ့ထားခဲ့တယ်လို့ ပြောပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်းအေး ပြောကြားချက်တွေကို RFA သတင်းထောက် ကိုကျော်သူက ကောက်နှုတ်တင်ပြထားပါတယ်။

ကွန်မင့်များ (5)
Share

မျက်​စိတဆုံးကြည့်​ပါ

တိုင်းပြည်​ရဲ့ ​ရှေ ​ရေးအတွက်​မျက်​စိတဆုံးကြည့်​ပါ
အခုရှိ​နေတဲ့ NLD ​ရော ကြံဖွတ်​​ရော အခြားပါတီကပါတီဝင်​​တွေ​ရောက ​နောင်​ ၁၀နှစ်​၁၅နှစ်​ အနှစ်​၂၀ဆိုမရှိ​တော့ပါဖူး၊
အဲဒီအချိန်​ NLD ​ရော ကြံဖွတ်​​ရောမဟုတ်​တဲ့အခြားပါတီ တခုက လူများစုကလွှတ်​​တော်​မှာ​ရောက်​ခြင်​​ရောက်​​နေမှာပါ
လူ​တွေပါတီ​တွေကိုမကြည့်​ပဲ့ ယင်းကဲ့သို့ ဥပ​ဒေမျိုးသည်​ လွှတ်​​တော်​ကိုယ်​စားလှယ်​များကိုထိန်း​ကျောင်းဖို့ လိုပါတယ်​၊အခု​တောင်​အ​မေစုက သူပါတီဝင်​ လွှတ်​​တော်​ကိုယ်​စားလှယ်​​တွေကိုလွှတ်​​တော်​ကို NLDလွှတ်​​တော်​လို မမှတ်​ယူဖို့  ပြည်​သူအားလုံးရဲ့ လွှတ်​​တော်​ဖြစ်​​ကြောင်း သတိ​ပေးဆုံးမစကား​ပြော​နေရပါ တယ်​။လူဆိုတာ အာဏာအခွင့်​​ရေးရရင်​ ​ဖောက်​ပြန်​တတ်​တဲ့လူသ​ဘောတရားကို သိလို့ အ​မေစုက မဖြစ်​လာ ခင်​ကြိုတင်​ဆုံးမ​နေရတာပါ၊ ၂၅%ကိတ်​စက အချိန်​တန်​ရင်​ သူ​နေရာသူပြန်​မှာပါ၊

Mar 03, 2016 12:16 AM

အမည်မဖော်လိုသူ

အဲဒီ ဥပဒေ ကို အရင်က အတည်မပြုတာက ၁ ရာခိုင်နှုန်း နဲ့ ဖြုတ်ချ နိုင်တယ်ဆိုတော့ အရင်လူတွေ ကို မကြိုက်တာက ၈၀ ရာခိုင်နှုန်း ဖြစ်နေတော့ ပြုတ်မှာသေချာ လို့ ပေါ့။ ဥပဒေ ကို အရမ်းအတည်ပြု လို့  မရဘူး အနှစ်သာရ နဲ့  လက်တွေ့  လုပ်နိုင်လို့ ရမဲ့ ဥပဒေ ဖြစ် မှ အတည်ပြုလို့ ရမှာပေါ့။ အဲဒီလို အမြီးအမောက် မတည့်တဲ့ ဥပဒေ တွေ အများကြီး လုပ်ခဲ့တာကိုး။

Mar 01, 2016 07:52 PM

အမည်မဖော်လိုသူ

အဆိပ်သား ကို Recall အရင်ခေါ်ပါ။ လွတ်တော် က အာဏာရှင် ဖြစ်လည်း သက်တမ်း က ၅နှစ်ထဲပါ။ စစ်အာဏာရှင် က ပို စိုးရိမ်စရာကောင်းပါတယ်။ စစ်တပ် စစ်အာဏာရှင် က မြန်မာနိုင်ငံ ကို အုပ်ချု ပ် လိုက်တာ အရှေ.တောင်အာရှ အချမ်းသာဆုံးနိုင်ငံ က နေ အာဆီယမ်အဆင်းရဲဆုံးနိုင်ငံ၊ အာရှမှာ ဒုတိယအဆင်းရဲဆုံးနိုင်ငံ ဘ၀ ကျရောက်သွားပါပြီ။
လွတ်တော်တွင်း က ရွေးကောက်ခံမဟုတ်တဲ့ အဆိပ်သား ကို ဘားတိုက် အရင်ပြန်ပို.ပါ

Mar 01, 2016 07:45 PM

ဖြစ်​သင့်​ ပါတယ်

ဒီဥပ​ဒေဟာဖြစ်​သင့်​ရှိသင့်​ပါတယ်​၊ နိုင်​ငံ​ရေးသ​ဘောအရဖြစ်​ဖြစ်​ လူ့ သဘာဝအရဖြစ်​ဖြစ်​ လူတဦး ပါတီတခုက အာဏာ အများစုကို ချုပ်​ကိုင်​ထားရင်​ ​ဖောက်​ပြန်​တဲ့သ​ဘောရှိပါတယ်​ ​ရှေ မှာလည်းသာဓက​တွေရှိခဲ့လို့  NLDအပါအ၀င်​ ပြည်​သူ များ ကဆန်​ကျင်​ခဲ့လို့  ယခုအ​ပြောင်းအလဲဖြစ်​သွားတာပါ။
ဒါ​ကြောင့်​ ယခုNLDအများစုလွမ်းမိုး​နေသည့်​လွှတ်​​တော်​သည်​လည်း ​နောက်​​နောင်​ဘယ်​သူပဲနိုင်​၂ လွှတ်​​တော်​ အာဏာရှင်​စံနစ်​ မ​ပေါ်​ပေါက်​​ရေးအတွက်​ ယင်းတို့ မှစံပြ ဦးစီး ဦး​ဆောင်​ပြုပီး ပြဌာန်း​ပေးနိုင်​လိမ့်​မယ်​ယုံကြည်​ပါတယ်​ အ​ပြောနဲ့အလုပ်​ညီ​ကြောင်းသက်​​သေပြနိုင်​မည်​ဟုလည်း​မျှော်​လင့်​ပါတယ်

Feb 29, 2016 10:20 PM

အမည်မဖော်လိုသူ

ပြည်သူက ဒီမိုကရေစီ နည်းကျ တင်တဲ့ NLD ပါတီ ကြီးစိုးလို့  အာဏာရှင် လွှတ်တော် ဖြစ်မှာတော့ စိုးရိမ်တယ် မဲလိမ်ပြီးလွှတ်တော်ထဲ အတင်းဝင်ထိုင်တာ စစ်ဗိုလ် တစ်မတ်သား အတင်းဝင်ထိုင်နေတာကျတော့ အာဏာရှင် လွှတ်တော် ဖြစ်မှာကြောက်ပါတယ် လို့ တော့ မပြောဘူး။

Feb 29, 2016 07:41 PM

သေချာ​လေ့လာပါ

NLD ​ကို လုပ်​တာမဟုတ်​ပါဖူး အရင်​သူရ​ရွှေမန်းလက်​ထက်​က လုပ်​ဖို့ ကြိုးစားပါ​သေးတယ်​ မပီးပြတ်​ခဲ့ပါဖူး 
သေချာ​လေ့လာပါ

Mar 01, 2016 08:07 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့