မြန်မာစစ်ကောင်စီကို စုပေါင်းအရေးယူကြဖို့ ကုလအထူးသံတိုက်တွန်း

RFA Burmese
2023.03.20
Share on WhatsApp
Share on WhatsApp
မြန်မာစစ်ကောင်စီကို စုပေါင်းအရေးယူကြဖို့ ကုလအထူးသံတိုက်တွန်း ၂ဝ၂၂ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ပြုလုပ်သည့် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးအတွင်း တွေ့ရသော မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ် အင်ဒရူး။
AFP

လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်နေတဲ့ မြန်မာစစ်ကောင်စီကို နိုင်ငံတကာအသိုက်အဝန်းက စုပေါင်းပြီး အရေးယူပိတ်ဆို့ကြဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ် အင်ဒရူး (Tom Andrews) က တိုက်တွန်းလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ မတ်လ ၂၀ ရက်နေ့က ပြုလုပ်တဲ့ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ အခုလို တိုက်တွန်းလိုက်တာပါ။

ကမ္ဘာ့နိုင်ငံတွေအနေနဲ့ စစ်ကောင်စီကို အထိနာအောင် ဘယ်လိုထိုးနှက်နိုင်မလဲ ဆိုတဲ့အပေါ် ဆန်းစစ်သင့်တယ်လို့ တွမ် အင်ဒရူးက ပြောပါတယ်။ ဒီလိုဆန်းစစ်ပြီးနောက် စစ်ကောင်စီကို လက်နက်တင်ပို့မှုပိတ်ပင်ဖို့၊ ဒဏ်ခတ်ပိတ်ဆို့ဖို့အတွက် ပူးပေါင်းညှိနှိုင်းပြီး အကောင်အထည်ဖော်သင့်တယ်လို့လည်း ပြောပါတယ်။

မြန်မာ့အရေးကို အားလုံးပူးပေါင်းပြီး ဝိုင်းဝန်းထောက်ခံကြမယ်ဆိုရင် အကြီးအကျယ် ပြောင်းလဲသွားနိုင်ကြောင်း၊ နိုင်ငံတချို့အကြားမှာ အဲဒီလို ပူးပေါင်းဆောင်ရွက်နေကြတဲ့ အစဉ်အလာအပေါ် အခြေခံပြီး စဉ်းစားကြဖို့လည်း ပြောပါတယ်။

စစ်ကောင်စီရဲ့အကြမ်းဖက်မှုဟာ အတိုက်အခံတွေဘက်က မဖြစ်မနေ ခုခံတွန်းလှန်လာအောင် လှုံ့ဆော်အားဖြည့်ပေးနေတာလို့ တွမ် အင်ဒရူးက သတင်းထောက်တွေကို ပြောပါတယ်။

နိုင်ငံတကာ ပူးပေါင်းချိတ်ဆက်ပြီး ပစ်မှတ်ထားပိတ်ဆို့အရေးယူခြင်းအားဖြင့် စစ်‌ခေါင်းဆောင်တွေကို အင်အားပျော့သွားစေနိုင်ကြောင်း၊ စစ်ခေါင်းဆောင်တွေဟာ စစ်အာဏာစသိမ်းချိန်ကလောက် တိုင်းပြည်ကို ထိန်းမထားနိုင်တော့ကြောင်းလည်း Tom Andrews က ပြောဆိုသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။