ကျွန်းပေါ် ရိုဟင်ဂျာဒုက္ခသည်ပြောင်းရွှေ့ရေး ကုလအရာရှိ ကြိုဆို


2019-03-23
Share
volker-turk-622.jpg ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၊ ဒုက္ခသည်အကာကွယ်ပေးရေးဆိုင်ရာ လက်ထောက်မဟာမင်းကြီး Volker Turk ကို တွေ့ရစဉ်
Photo: MUNIR UZ ZAMAN / AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည် ၁ သိန်းကို ဘာရှန်ချားကျွန်းကို ပြောင်းရွေ့မယ့်အစီအစဉ်ကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၊ ဒုက္ခသည်အကာကွယ်ပေးရေးဆိုင်ရာ လက်ထောက်မဟာမင်းကြီး Volker Turk က ကြိုဆိုလိုက်ပါတယ်။

မနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၅ ရက်ကြာခရီးစဉ်အပြီး အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

ကောက်ဘဇား ခရိုင်က ကုတုပါလောင်း ဒုက္ခသည်စခန်းဟာ အကြီးဆုံး ရိုဟင်ဂျာဒုက္ခသည်စခန်းရှိဖြစ်ပြီး မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည် ၆ သိန်းခန့် စုပြုံနေထိုင်ရာ ဖြစ်လို့ အလွန်လူများပြီး ကျပ်သိပ်နေကြောင်း၊ ဘင်္ဂလားဒေ့ရှ် အစိုးရက ဒီလို အဖြေရှာ နေရာချထားပေးတဲ့ ခြေလှမ်းကိုလည်း ကြိုဆိုပါကြောင်း မစ္စတာ တာ့ခ် ကပြောပါတယ်။

ဒီကျွန်းကိုရွေ့ပြောင်းဖို့ကိစ္စ ကုလသမဂ္ဂနဲ့ ဂျပန်နိုင်ငံတို့က ဒီနှစ်ဆန်းမှာ စိုးရိမ်ကြောင်း ပြောကြားခဲ့ပါတယ်။ ကုလသမဂ္ဂ အဖွဲ့အစည်းတွေအနေနဲ့ နေရာရွှေ့ပြောင်းတဲ့ကိစ္စ အသေးစိတ်ကို ဆက်လက်ဆွေးနွေးနေကြောင်း၊ သွားရောက်နေထိုင်လိုတဲ့သူတွေကို စေလွှတ်သင့်ပြီး သူတို့ဘဝနေထိုင်မှု အဆင်ပြေဖို့လိုကြောင်းလည်း လက်ထောက်မဟာမင်းကြီးက ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။