ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ် ပထမဆုံး မြန်မာခရီးစဉ် စတင်မည်

2014-07-15
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အသစ် Yanghee Lee ပုံ
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အသစ် Yanghee Lee ပုံ
Photo: Yanghee Lee Twitter

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့ အခွင့်အရေးအထူး ကိုယ်စားလှယ်သစ်ဖြစ်သူ မစ္စ ယန်ဟီလီ Yanghee Lee က သူရဲ့ပထမဆုံးခရီးစဉ်အဖြစ် လာမယ့် ဇူလိုင်လ ၁၇ ရက်နေ့ ကနေ ၂၆ ရက်နေ့  ထိ မြန်မာနိုင်ငံကို လာရောက်ပြီး လူ့ အခွင့်အရေးအခြေအနေတွေ စုံစမ်းလေ့လာမယ်လို့ ဂျနီဗာမြို့ ကုလသမဂ္ဂလူ့အခွင့် အရေးကော်မရှင်ရုံးက ထုတ်ပြန်လိုက်ပါတယ်။

ခရီးစဉ်အတွင်း နေပြည်တော်၊ ရန်ကုန်၊ ရခိုင်ပြည်နယ် နဲ့ ကချင်ပြည်နယ်အပြင် မန္တလေးမြို့ ကိုလည်း သွားမယ် လို့ ဆိုပါတယ်။ ခရီးစဉ်အပြီး သတင်းစာရှင်းလင်းပွဲပြု လုပ်မှာဖြစ်သလို၊ သူ့ လေ့လာတွေ့  ရှိချက်ကို အစီရင်ခံ စာတစောင်ရေးသားပြီး ၆၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တင်ပြရမှာဖြစ်ပါတယ်။

ကွန်မင့်များ (3)
Share

Pyay Nyein

နေရပ်- Myanmar

ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ် လောက်တော့ အစိုးရ က ပြင်းတောင် ပြင်းသေးတယ်။ ဘယ်လို ကလိန်ကကျစ် လုပ်ပြီး ဘယ်လို နှိပ်ကွပ် လိုက်မလဲ ဆိုတာ စေါင့်သာကြည့်နေ။

Jul 16, 2014 12:30 PM

Kyaw

နေရပ်- U.S.A

Dear Yanghee Lee! When you visit Arakan, please you need to meet Arakanese elders, including Monks and respect to listen what are concerned of native Arakanese people voices. We are suffering of voiceless people "UNDER THE MYANMAR CORRUPTION GOVERNMEN."

Jul 16, 2014 11:26 AM

အမည်မဖော်လိုသူ

ံHuman Rights have been Violated and will be Violated by the Tyranny because it has godfather support. The U.N, it self has been under godfather since soon after its birth.

Jul 16, 2014 10:08 AM

ဆိုက်တခုလုံးသို့