မြန်မာ့အရေး တရုတ်နဲ့ ပူးပေါင်းဖြေရှင်းလိုဟု အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ ပြောကြား

2023.04.14
မြန်မာ့အရေး တရုတ်နဲ့ ပူးပေါင်းဖြေရှင်းလိုဟု အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ ပြောကြား ၂၀၂၃ ခုနှစ် မတ်လ ၂၂ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တွေ့ရသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ချောလက်။
AFP

မြန်မာပြည်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ ပူးပေါင်းဖြေရှင်းနိုင်ဖွယ်ရှိပါတယ်လို့ အမေရိကန်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ပြောကြားလိုက်ပါတယ်။

စင်ကာပူနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ချောလက်က မြန်မာနိုင်ငံရဲ့ ပြဿနာနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာပြဿနာတွေကို ဖြေရှင်းရေးအတွက် တရုတ်နဲ့ အမေရိကန် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ မျှော်လင့်ဆဲပါပဲလို့ ဧပြီလ ၁၃ ရက်နေ့က တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရင် တရုတ်နိုင်ငံအတွက်ရော မိမိတို့ အမေရိကန်နိုင်ငံအတွက်ပါ အကျိုးရှိမယ်ဆိုတာကို နိုင်ငံနှစ်ခုလုံးက ယုံကြည်ပါတယ်။ ဒါပေမဲ့ အခုအချိန်ထိတော့ မြန်မာကိစ္စကို တိုင်ပင်ဆွေးနွေးဖို့အတွက် တရုတ်နိုင်ငံက သိပ်ပြီးစိတ်ဝင်စားမှု မရှိသေးပါဘူး၊ မိမိတို့အနေနဲ့ တရုတ်အစိုးရနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးလိုပါတယ်လို့လည်း သူကပြောပါတယ်။

ဒါ့အပြင် မြန်မာစစ်ကောင်စီပိုင် ရေနံနဲ့ ဓာတ်ငွေ့ကုမ္ပဏီ MOGE ကို ပိတ်ဆို့အရေးယူဖို့လည်း မိမိတို့မဟာမိတ် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆွေးနွေးနေပါတယ်။ စစ်ကောင်စီဟာ အဲဒီစွမ်းအင်လုပ်ငန်းကနေ ငွေအမြောက်အများ ရရှိနေတယ်ဆိုတာ ဘာမှသံသယ မရှိပါဘူးလို့လည်း အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ချောလက်က ပြောကြားလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။