အကြမ်းဖက်ပြီး ပြဿနာဖြေရှင်းမှု လက်မခံကြောင်း အမေရိကန်ပြော

2021-09-07
Share
အကြမ်းဖက်ပြီး ပြဿနာဖြေရှင်းမှု လက်မခံကြောင်း အမေရိကန်ပြော တနင်္သာရီတိုင်းက PDF တပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဥ်။
Photo: CJ

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းကို အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဖြေရှင်းဖို့ ကြိုးပမ်းတာကို လက်မခံတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြောလိုက်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခုခံတွန်းလှန်ဖို့ စက်တင်ဘာလ ၇ ရက်နေ့မှာ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတက တိုက်တွန်း ပြောကြားလိုက်တာနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရရဲ့ သဘောထားကို RFA မြန်မာပိုင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ရာမှာ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူတစ်ဦးက RFA ကို အီးမေးလ်နဲ့ သီးသန့်ဖြေကြားခဲ့တာပါ။

"ပြည်သူတွေရဲ့ ခုခံတွန်းလှန်ရေး စစ်ပွဲ" ကို စတင်ဆင်နွှဲကြဖို့ NUG က ကြေညာချက် ထုတ်ပြန်ထားတာကို မိမိတို့ သိရှိရကြောင်း၊ လက်ရှိ မြန်မာနိုင်ငံက အကျပ်အတည်းကို အကြမ်းဖက်မှုနဲ့ ဖြေရှင်းတာကိုမျိုး အမေရိကန် ပြည်ထောင်စုအနေနဲ့ လက်မခံကြောင်း၊ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းကြဖို့ အားလုံးကို တိုက်တွန်းကြောင်း RFA မြန်မာပိုင်းအတွက် သီးသန့်ဖြေကြားတဲ့ အီးမေးလ်မှာ ပြောကြားထားပါတယ်။

မြန်မာနိုင်ငံတွင်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေတွေ ပိုမိုဆိုးရွားလာတဲ့အတွက် လူသားချင်းစာနာမှု အကူအညီတွေကို တန်းတူညီမျှမှု ရှိရှိ၊ ဘေးကင်းလုံခြုံမှုရှိရှိနဲ့ အတားအဆီးမရှိ သွားရောက်ပေးအပ်နိုင်ဖို့ အတွက် တည်ငြိမ်အေးချမ်းတဲ့ ပတ်ဝန်းကျင် လိုအပ်တယ်လို့လည်း ဖြေကြားထားပါတယ်။

အာဏာသိမ်း စစ်ကောင်စီအနေနဲ့လည်း အကြမ်းဖက် တိုက်ခိုက်မှု အားလုံးကို ရပ်တန့်ဖို့၊ မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်အောင် လုပ်ဖို့နဲ့ မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ထားသူအားလုံးကို ပြန်လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုက ဆက်လက် တောင်းဆိုတဲ့အကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဌာန တာဝန်ရှိသူက ပြောကြားထားပါတယ်။

Myo Yar Zar Kyaw
Myo Yar Zar Kyaw says:
2021-09-07 22:41

အမေရိကန်ကဘာဖြစ်ချင်တာလဲ... ဘာကိုငြိမ်းငြိမ်းချမ်းချမ်းလဲ လူတွေဘလောက်သေကျေပျက်စီးရဦိးမှာလဲ... တောင်းဆိုသလောက်ဟိုကအီးတောင်လှည့်မပေါက်တာကို ဘာတဲ့ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းလဲ

Ko Khon
Ko Khon says:
2021-09-08 11:27

မိမိတို့ကိုယ်တိုင်တိုက်ယူမှ ရမယ့် အောင်ပွဲပါ ဘယ်နိုင်ငံကမှ အလကားကူညီပေးမှာ မဟုတ်ဘူး အမေရိကန်တို့လည်း တူတူပါပဲ တောင်းဆိုရုံနဲ့ ပြီးရင် ပြီးမြောက်တာ ကြာလှပါပြီ တောင်းဆိုနေတာ ဘယ်နှစ်ကြိမ်မြောက်ရှိနေပြီဆိုတာ သူတို့ကိုယ်တိုင်ပဲ မေ့နေတာများလား... နေ့တိုင်းလိုလို ပြည်သူတွေ အသက်အိုးအိမ် သေကျေပျက်စီးနေတာ ငြိမ်းငြိမ်းချမ်းချမ်းလို့ မြင်နေတုန်းပဲလား ဆိုတာ ???????

TTL, San Jose
TTL, San Jose says:
2021-09-08 11:28

We DO NOT need your agreement USA. As DASSK once said to your senior officials, Myanmar fellows know about our home affairs much more than anyone else just like the way you know your own home affairs.

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့