မြန်မာနိုင်ငံအောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေ မှာ နေ့အပူချိန် လွန်ကဲနေတာကြောင့် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အဆင့် ၁၂ ကျော်အထိရှိနေတယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က သတိပေးပြောကြားပါတယ်။
ခရမ်းလွန်ရောင်ခြည် များလွန်းတာကြောင့် နေပူထဲ သွားရာမှာ အထူးသတိထားဖို့ လိုအပ်ကြောင်း ဆရာဦးထွန်းလွင်က အခုလို ပြောပါတယ်။
"ခရမ်းလွန်ရောင်ခြည် ပြင်းအားမြင့်တက်အချိန် အများဆုံးအချိန်က မွန်းတည့်ချိန် မနက် ၁ဝ နာရီလောက်ကစပြီး ညနေ ၃ နာရီလောက်အထိ ကာလအတွင်းမှာတော့ ခရမ်းလွန်ရောင်ခြည်က High တို့ Very High တို့ extreme တို့ရှိတဲ့အတွက် တတ်နိုင်သမျှ နေပူထဲသွားတာကိုရှောင်ပေါ့၊ မျက်စိကိုလည်း ထိခိုက်နိုင်တဲ့အတွက် မျက်စိအကာအကွယ်အနေနဲ့တော့ ရောင်ခြည်ကာကွယ်ပေးတဲ့ မျက်မှန်ကိုဝတ်ဆင်ရင် မျက်စိကိုကာကွယ်တာပေါ့"
ဒါ့အပြင် လာမယ့် ဇွန်လ မိုးတွင်းလောက်မှာ မြန်မာနိုင်ငံရဲ့ ရာသီဥတုဟာ ပူနွေးတဲ့ အယ်လ်နီညိုရာသီဥတု ဖြစ်လာ နိုင်တဲ့အတွက် ရာသီဥတု ပုံမှန်မဖြစ်နိုင်တော့ပဲ မိုးရွာသွန်းမှု နောက်ကျတာတွေလည်း ရှိလာနိုင်တယ်လို့ ဒေါက်တာ ဦးထွန်းလွင်က ခန့်မှန်းပြောပါတယ်။
ဒီနှစ် ရာသီဥတုပူပြင်းတာအပြင် လာမယ့် လပိုင်းတွေအတွင်း မြန်မာနိုင်ငံရဲ့ ရာသီဥတု အခြေအနေအကြောင်း မိုးလေဝသပညာရှင် ဦးထွန်းလွင်ကို RFA သတင်းထောက် ကိုကျော်သူ တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။