ဦးဝင်းတင် ကျန်းမာရေး စိုးရိမ်ရဆဲ

2014-04-18
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ပုံ
သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ပုံ
Photo: RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက အဖွဲ့ဝင်တစ်ဦးဖြစ် သူ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ရဲ့ကျောက်ကပ်ဟာ စိုးရိမ်စရာအခြေအနေမှာ ရှိနေ ဆဲဖြစ်ပြီး ရန်ကုန်ပြည်သူ့ ဆေးရုံ ကြီးမှာပဲ ကျောက်ကပ်ဆေးဖို့ ဒီနေ့ ဆရာဝန်ကြီးတွေ ဆုံးဖြတ် လိုက်တယ်လို့ မိသားစု ဝင် တွေက ပြော ပါတယ်။

ဆရာဝန်ကြီးတွေ ဒီနေ့ ညနေပိုင်းမှာ ဆွေးနွေးဆုံးဖြတ် လိုက်တာနဲ့ပတ်သက်ပြီး ဆရာဦးဝင်းတင်ရဲ့ မိသားစုဝင် ဦးပေါက်က အခုလိုပြောပါတယ်။

"အခု ဆရာဝန်ကြီးတွေ ဆုံးဖြတ်တာနဲ့ ကျနော်တို့ သိရသလောက်ကတော့ ကျောက်ကပ်လဲဖို့ စီစဉ်နေတယ်ပေါ့နော် ဘဘ ကျန်းမာရေး ထူထောင်ခဲ့ရင် နိုင်ငံခြားသွားကုလို့ရတယ်လို့ ဆရာဝန်ကြီးက ပြောတဲ့အတွက်ကြောင့် ကျနော်တို့ ပတ်(စ်)ပို့တို့ ဘာတို့ စီစဉ်ထားပါတယ် ခင်ဗျ၊ ဘယ်နိုင်ငံသွားရမယ် ဆိုတာကတော့ ဆရာဝန်ကြီတွေရဲ့ အကြံအဉာဏ်ကော အားလုံးတိုင်ပင်ပြီးမှ ဆုံးဖြတ်ရမှာသာ ဆုံးဖြတ်ရမှာ"

ဒါ့အပြင် ဆရာဦးဝင်းတင်ရဲ့ ကျန်းမာရေးလိုအပ်ချက်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်နိုင်ဖို့နဲ့ ကူညီနိုင်ဖို့ အတွက် အနီးကပ်အထောက်အကူပေးနိုင်ဖို့ ဦးဝင်းတင်မိသားစုဝင် ၄ဦး၊ မိသားစုဆရာဝန် ဒေါက်တာမြင့်သိန်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဇော်မျိုးအောင်တို့ပါဝင်တဲ့ မိသားစုကော် မတီကို မနေ့က ဖွဲ့စည်းလိုက်ပါတယ်။

အဲ့ဒီကော်မတီဟာ ဆရာဦးဝင်းတင်ကျန်းမာရေးနဲ့ပတ်သက်ပြီး လက်မှတ်ထိုးဆုံးဖြတ်ပေးရမယ့် ကိစ္စမျိုးတွေမှာ ဆုံးဖြတ်ချက်ချပေးဖို့အတွက် ဖွဲ့စည်းလိုက်တာလို့ သိရပါတယ်။

အသက် ၈၅ နှစ်ရှိပြီဖြစ်တဲ့ ဟံသာဝတီဦးဝင်းတင်ဟာ ပြီးခဲ့တဲ့ မတ်လ ၂၉ရက်နေ့က ရန်ကုန် ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသမှု ခံယူနေတာဖြစ်ပါတယ်။

ဦးဝင်းတင်ရဲ့ မိသားစုဝင် ဦးပေါက်ကို RFA သတင်းထောက် မဇင်မာဝင်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့