ဘားမားကမ်ပိန်းအဖွဲ့ ရေးသား ချက် မြန်မာအစိုးရ ချေပ

2014-08-05
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်သူလူထုကို လစဉ်ရေဒီယိုမိန့်ခွန်း ပြောကြားနေစဉ်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်သူလူထုကို လစဉ်ရေဒီယိုမိန့်ခွန်း ပြောကြားနေစဉ်
photo: Myanmar President Office Website

မြန်မာ့အရေးဆောင်ရွက်နေတဲ့ ဗြိတိန်နိုင်ငံအခြေစိုက် Burma Campaign UK ရဲ့ ရေးသားချက်တွေ ဟာ နိုင်ငံတကာအသိမှတ်ပြုနေတဲ့  သမ္မတ ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို ထိခိုက် ပျက်စီးစေဖို့သာဖြစ်တယ်လို့ သမ္မတပြောခွင့်ရသူ ပြန် ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောကြားလိုက်ပါတယ်။

Burma Campaign UK အဖွဲ့ရဲ့ မနေ့က နေ့စွဲနဲ့ ထုတ်ပြန်တဲ့ တောင်းဆိုချက်နဲ့ပတ်သက်ပြီး ဝန်ကြီး ဦးရဲထွဋ်က သူ့ရဲ့ Facebook လူမှုရေးစာမျက်နှာကနေ အခုလို တုန့်ပြန်လိုက်တာဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်ဟာ ၁၉၈၈ (၈) လေးလုံး ဒီမိုကရေစီအရေးအခင်းကာလအတွင်း ရှမ်းပြည်တောင်ပိုင်း၊ ကလောအခြေစိုက် တပ်မ (၅၅) ခြေမြန်တပ်မရဲ့ တပ်ရင်းမှူးအဖြစ်နဲ့ ဒီမိုကရေစီရေး တောင်းဆိုဆန္ဒပြသူတွေကို နှိမ်နင်းခဲ့တယ်ဆိုတာ မဟုတ်မှန်ကြောင်း၊ အရေးအခင်းကာလအတွင်း စစ်ကိုင်းတိုင်း ကလေးမြို့အခြေစိုက်၊ ခြေလျင်တပ်ရင်း  (၈၉) မှာ တပ်ရင်းမှူးတာဝန်ထမ်းဆောင်ခဲ့ပြီး ဒေသ တည်ငြိမ်ရေးကို ညင်ညင်သာသာ ကိုင်တွယ်ခဲ့ကြောင်းလည်း ဦးရဲထွဋ်က ပြောပါတယ်။

အမေရိကန် သံတမန်လျှို့ဝှက် ကြေးနန်းစာတွေကို ဖွင့်ချနေတဲ့ Wikileaks အင်တာနက်စာမျက်နှာမှာ ၂၀၀၄ ခုနှစ် အောက်တိုဘာ ၂၀ ရက်စွဲနဲ့ ကြေးနန်းကို ဖော်ပြထားပြီး ဒီကြေးနန်းစာမှာ ၁၉၈၈ ခုနှစ် အရေးအခင်းကို တပ်မ ၅၅ ခြေမြန်တပ်မရဲ့ တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်က နှိမ်နင်းခဲ့တယ် လို့ ရေးသားဖော်ပြထားပါတယ်။ ဒီဖော်ပြချက်ကို ကိုးကားပြီး ၁၉၈၈ ခုနှစ် အရေးအခင်း နှစ်ပတ်လည်အချိန်ကာလ မှာ ၈၈ အရေးအခင်းအပါအ၀င်  ဦးသိန်းစိန်ရဲ့ စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့မှု မှတ်တမ်းအပြည့်အစုံကို ထုတ်ပြန်ပေးဖို့၊ Burma Campaign UK က မနေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့တာဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ၈၈ အရေးအခင်းကာလမှာ ကလေးမြို့မှာတာဝန်ကျပြီး ဒေသတည်ငြိမ်ရေးကို ညင်သာစွာ ကိုင်တွယ်ဖြေရှင်းခဲ့ကြောင်း၊ စစ်တပ်က အာဏာသိမ်းအပြီး ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ စစ်ဦးစီးမှူးနဲ့ စစ်ဆင်ရေးမှူး တာဝန်များထမ်းဆောင်ခဲ့ကြောင်း ဦးရဲထွဋ်က ပြောကြားခဲ့ပြီး၊ သမ္မတရဲ့ ကိုယ်ရေးမှတ်တမ်းအကျဉ်းကိုလည်း ဒီကနေ့ နေ့စွဲနဲ့ သမ္မတရုံးရဲ့ အင်တာနက်စာမျက်နှာ ထုတ်ပြန်ကြေညာထားပါတယ်။

ကွန်မင့်များ (5)
Share

Bo auing din

နေရပ်- Raingoon

ဘာမားကမ်ပိန်းအဖွဲ့ က လူတွေအားလုံး
မြန်မာစစ်စစ် တစ်ယေါက်မှမပါဘူး.. လုပ်စားနေကြတဲ့  မာဆလူ သောက်ကုလားတွေချည်းပဲ .. မယုံရင်
စုံမမ်းလိုက်ကြပါ.. ကျနျော်ကတော့ လက်တွေ့ ပဲ

Aug 08, 2014 08:58 AM

မြန်မာတိုင်းရင်းသူ

နေရပ်- ပြည်ပတနေရာ

ဦးရဲထွဋ် ချေပချက်တွေ ဘာတွေဘက်က လိုက်ရေးတာ မဟုတ်ဘူး။ ဒါပေမယ့် Burma Campaign UK နဲ့ US Campaign for Burma တွေကို သိပ် စိတ်မ၀င်စားတော့ဘူး။ သူတို့က သည်အဖွဲ့ကနေ ရတဲ့ လခနဲ့ ရပ်တည်နေရတော့ အဖွဲ့တည်မြဲအောင်၊ အလှုရှင်တွေ စိတ်ဝင်စားနေအောင် လုပ်ဇာတ်တွေ လုပ်တတ်လွန်းလို့။ သည်အသက်အရွယ်တွေကျမှ တခြားမှာလဲ ဘ၀ကို ပြန် မစနိုင်တော့သူတွေ လုပ်နေတာလေ။ (အဖွဲ့က နှုတ်ထွက်သွားသူတွေကိုတော့ လေးစားပါတယ်။)

Aug 07, 2014 04:18 PM

(

Don’t trust some foreign groups. They always provide the inaccurate reports and false news. Everybody still remembers that once the BBC mentioned the Myanmar map showing Rakhine (Arakan) State represented by Rohingya who are identified as a minority group in Myanmar even though the state is inhabited by Rakhine People (Arakanese). The BBC reporter Anna Jones used an inaccurate Map of Rakhine (with pictures of Bengali Kala worshipers praying) in her article she wrote on November 5, 2010 titled “Bleak outlook Burma’s Ethnic Groups.” At that Myanmar people particularly Rakhines (Arakanese) were asking BBC to apologize for publishing an ‘inaccurate’ map of Myanmar’s ethnic groups.


Aug 07, 2014 02:09 PM

အမည်မဖော်လိုသူ

၈၈ အရေးအခင်းနှိမ်နင်းရာမှာ ပစ်သူ ၊ ပစ်မိန့်ပေးသူ ၊ ပစ်ခွင့်ပေးသူ အဆင့်ဆင့် အပြစ်ရှိပါတယ်။ အဓိကကျသူ က “ပစ်ခွင့်”ပေးတဲ့ ဦးနေ၀င်းပါပဲ။
နအဖ ၊ န၀တ လက်ထက်မှာ ဖြစ်သမျှ အရေးအခင်းနှိမ်နင်းရေးမှာတော့ ဗိုလ်သန်းရွှေက တာဝန်ခံရမှာပါ။

Aug 05, 2014 04:11 PM

အမှန်မြင်

နေရပ်- အမြင်မှန်

“သမ္မတ ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို ထိခိုက် ပျက်စီးစေဖို့သာဖြစ်တယ်လို့ ...ဝန်ကြီး ဦးရဲထွဋ်က
ပြောကြားလိုက်ပါတယ်။”
မြန်မာနိုင်ငံအတွက် ပြုပြင်ပြောင်းလဲရေးကို သမ္မတ က လုပ်နေတာ မဟုတ်ပါဘူး။ဦးရွှေမန်းနဲ့ ဗခမက မင်းအောင်လှိုင် တို့က “ညောင်၂ပင်စီမံကိန်း”အတိုင်း စစ်အာဏာ ရှင်သန်ရေး အတွက် အတွက် ပြုပြင်ဆောင်ရွက်နေတာပါ။

Aug 05, 2014 01:31 PM

အမည်မဖော်လိုသူ

မျက်လှည့်ဝိုင်းမှာလိုပေါ့။
ဗိုလ်ချုပ်ကြီး(ဟောင်း)သိန်းစိန်က အများကို “လှည့်စား”ဖို့ပါ။
ဗခမကမင်းအောင်လှိုင်နဲ့ ဦးရွှေမန်းက စစ်တပ်နဲ့ အရပ်ဘက်ကို ကြိုးကိုင်ဖို့ပါ။
ဗခမက(ဟောင်း)သန်းရွှေက မျက်လှည့်ဆရာပါ။

Aug 06, 2014 02:07 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့