ဖက်ဒရယ်ဒီမိုကရေစီ တည်ထောင်ရေး လက်တွဲဆောင်ရွက်ဖို့ ဒုသမ္မတပြောကြား

2021.03.13
ဖက်ဒရယ်ဒီမိုကရေစီ တည်ထောင်ရေး  လက်တွဲဆောင်ရွက်ဖို့ ဒုသမ္မတပြောကြား ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က တင်မြှောက်ထားတဲ့ ခေတ္တ ဒုတိယ သမ္မတ မန်းဝင်းခိုင်သန်း ကို တွေ့ရစဉ်
Photo: CRPH

ပြည်သူလူထုအတွက် လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ အစီအမံတွေကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က တင်မြှောက်ထားတဲ့ ခေတ္တ ဒုတိယ သမ္မတ မန်းဝင်းခိုင်သန်းက ပြောလိုက်ပါတယ်။ မတ်လ ၁၃ ရက်နေ့ မနေ့က ပြောကြားတဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ခုလို ပြောသွားတာပါ။

စာသင်ခန်းမှာရှိရမယ့် လူငယ်တွေ၊ နိုင်ငံကိုသစ္စာရှိတဲ့ဝန်ထမ်းတွေနဲ့ လူမျိုးဘာသာပေါင်းစုံပြည်သူတစ်ရပ်လုံး အာဏာရှင်တွေကို တတ်စွမ်းသမျှ တိုက်ပွဲဝင်နေကြကြောင်းနဲ့ ကျဆုံးသွားတဲ့ ပြည်သူတွေအတွက် မိသားစု တွေနဲ့ ထပ်တူဝမ်းနည်းကြောင်း၊ သူတို့ကို ဂုဏ်ပြုပါကြောင်းနဲ့ တိုင်းရင်းသားပြည်သူအားလုံး အရင်က ဘယ်လိုကွဲပြားပါစေ အခုလက်တွဲရမယ့်အချိန် ဖြစ်ကြောင်းလည်း ပြောပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ ကိုယ်ကျိုးရှာ လူတစ်စုကို သစ္စာစောင့်သိရမှာမဟုတ်ဘဲ နိုင်ငံသားတွေကို သစ္စာရှိရမှာဖြစ်တယ်ဆိုတာကိုလည်း ဒုတိယသမ္မတ မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအစား ဖယ်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ဖို့ ကြိုးစားမှာ ဖြစ်ကြောင်းနဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်း လူပုဂ္ဂိုလ်အားလုံးနဲ့ လက်တွဲဆောင်ရွက်ဖို့ ကတိပြုကြောင်းလည်း ပြောကြားသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-03-14 22:33

We stand with President U man Win Khaing Than