ဒု-သမ္မတ ဦးမြင့်ဆွေ ပြည်ထောင်စုအဆင့် ဝန်ကြီးတွေ ကြိုတင်မဲပေး


2020.10.30
vice-president-myint-swe-622.jpg နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ၊မြို့မဈေးဓမ္မာရုံမှာ ဒုတိယသမ္မတ ဦးမြင့်ဆွေ အောက်တိုဘာ ၂၉ ရက်နေ့က ကြိုတင်မဲပေးနေစဉ်
-

ဒုတိယသမ္မတ ဦးမြင့်ဆွေ အပါအဝင်  ပြည်ထောင်စုအဆင့် ဝန်ကြီး၊ ဒုဝန်ကြီးတွေ နဲ့ ဌာနဆိုင်ရာ တာဝန်ရှိ သူတချို့တို့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ၊မြို့မဈေးဓမ္မာရုံမှာ ဒီနေ့မနက်ပိုင်းက ကြိုတင် မဲပေးခဲ့ကြပါတယ်။ ဒုသမ္မတ (၁) ဦးမြင့်ဆွေဟာ သူ့အမည်မဲစာရင်းပါတဲ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေအတွက် ကြိုတင်မဲပေးတာဖြစ်ပါတယ်။

တပ်မတော် အကြီးအကဲဟောင်းတွေဖြစ်တဲ့  ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး ဦးမောင်အေး၊ ဗိုလ်ချုပ်ကြီး သူရဦးရွှေမန်း ၊ သမ္မတ ဦးသိန်းစိန်၊ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင် မြင့်ဦးနဲ့ အရင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးတင်အေး စတဲ့ ပုဂ္ဂိုလ်တွေဟာ  နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ညောင်ပင်ကြီးစု ကျေးရွာမှာ နေထိုင်ကြတာပါ။ အဲဒီထဲက ဗိုလ်ချုပ်ကြီးအငြိမ်းစား သူရဦးရွှေမန်းကတော့  သက်ဆိုင်ရာမဲရုံကို မနေ့က ကိုယ်တိုင်လာရောက်ပြီး  ကြိုတင်မဲပေးခဲ့ပါတယ်။

ညောင်ပင်ကြီးစုကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးလှငွေက တပ်မတော်အစိုးရလက်ထက်က ခေါင်းဆောင်တွေဟာ အသက် ၆၀ ကျော်သူ လူကြီးတွေဖြစ်တာကြောင့် ကိုယ်တိုင်မဲရုံကိုလာပြီး ကြိုတင်မဲလာပေးရင်လည်း လက်ခံမှာဖြစ်သလို မဲရုံကိုလာမပေးနိုင်ရင်လည်း သူတို့နေထိုင်တဲ့ နေရာကိုသွားပြီး ကြိုတင်မဲယူဖို့ စီစဉ်ထားတယ်လို့ မီဒီယာတွေကို မနေ့က ပြောထားပါတယ်။ နေပြည်တော်မှာ အသက် ၆၀ နဲ့အထက် ကြိုတင်မဲပေးနိုင်တဲ့ မဲဆန္ဒရှင်အရေအတွက်က တစ်သိန်းကျော်ရှိပြီး အောက်တိုဘာ ၂၅ ရက်နေ့ကနေ နိုဝင်ဘာ ၅ ရက်နေ့အထိ ကြိုတင်မဲပေးနိုင်မှာဖြစ်ပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။