ဒုတိယသမ္မတ ၂ ဦး ရွေးချယ် တင်မြှောက်


2016-03-11
Share
vice-presidents-620.JPG ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ မဲအနိုင်ရပြီး ဒုတိယသမ္မတတွေဖြစ်လာတဲ့ ဦးထင်ကျော်နဲ့ ဦးဟင်နရီ ဗန်ထီးယူ တို့ကို တွေ့ရစဉ်
Photo: RFA

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက ဦးထင်ကျော်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေက ဦးဟင်နရီ ဗန်ထီးယူကို ဒုတိယသမ္မတတွေအဖြစ် ဒီကနေ့ မနက်က တင်မြှောက် လိုက်ကြပါတယ်။

လွှတ်တော် ၂ ရပ်စလုံးမှာ လျှို့ဝှက်မဲပေးစနစ်နဲ့ ရွေးချယ်တင်မြှောက်လိုက်ကြတာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်မှာ တက်ရောက်သူ ကိုယ်စားလှယ် စုစုပေါင်း ၃၁၇ ဦးက မဲပေးကြရာမှာ ဦးထင်ကျော် က ၂၇၄၊ ဒေါက်တာစိုင်းမောက်ခမ်းက ၂၉ မဲ ၊ ပယ်မဲ ၁၄ မဲရှိတဲ့အတွက် ဦးထင်ကျော်က မဲအပြတ်အသတ်နဲ့ အနိုင်ရတာ ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်မှာ မဲပေးသူ ကိုယ်စားလှယ် ၁၆၇ ဦးရှိရာမှာ ဦးဟင်နရီ ဗန်ထီးယူက ၁၄၈ မဲ ၊ အမျိုးသားလွှတ်တော် ဥက္ကဌဟောင်း 
ဦးခင်အောင်မြင့်က ၁၃ မဲ ၊ 
ပယ်မဲက ၆ မဲရှိခဲ့ပြီး တင်မြှောက်ခံရ တာ ဖြစ်ပါတယ်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက လက်ရှိရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေကို ဒုတိယသမ္မတ အဖြစ် တင်မြှောက်မယ်လို့ သိရပါတယ်။

အဲ့ဒီဒုတိယသမ္မတ ၃ ဦးထဲက ၁ ဦးကို နိုင်ငံတော် သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ်တွေ အပါအဝင် လွှတ်တော်ကိုယ်စားလှယ် အားလုံးက ထပ်မံရွေးချယ် တင်မြှောက်ရမှာ ဖြစ် ပါတယ်။

ပြည်ထောင်စုလွှတ်တော် ကျင်းပမယ့်ရက်ကို ကြေညာထားခြင်း မရှိသေးပါဘူး။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ရွေးချယ်တင်မြှောက်ခြင်းခံရတဲ့ ဒုတိယသမ္မတတွေအတွက် ဂုဏ်ယူကြောင်း သူ့ရဲ့ဖေ့စ်ဘွတ်ကနေ ပြောကြားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့