မဲပေးခွင့်ရှိသူစာရင်း ကြေညာမယ့် ရက် စက်တင်ဘာလထဲကို နောက် ဆုတ်


2015.08.24
voter-lists-ygn-620.jpg ရန်ကုန်မြို့ရှိ ရပ်ကွက်တစ်ခုမှာ မဲစာရင်းစစ်နေသူတချို့ကို တွေ့ရစဉ်
Photo: Aung Thain Kha/RFA

လာမယ့်နိုဝင်ဘာလ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ စာရင်းတွေကို လာမယ့်စက်တင်ဘာလမှာ ထုတ်ပြန်ကြေညာသွားမှာဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ အရင်က သြဂုတ်လနောက်ဆုံးပတ်မှာ ထုတ်ပြန်ကြေညာဖို့ စီစဉ်ထားပေမယ့် ရေဘေးသင့်ဒေသတွေက မဲဆန္ဒနယ်မြေတွေ အခြေအနေကြောင့် ပြောင်းရွှေ့လိုက်တာလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသိန်းဦး က ပြောပါတယ်။

"သြဂုတ်လမှာ ကြေညာမလို့ပဲ၊ လောလောဆယ် ရေဘေးဒေသတွေက မဲဆန္ဒရှင်တွေအနေနဲ့က မဲစာရင်းလာကြည့်ဖို့ အခက်အခဲရှိတဲ့အတွက်ကြောင့်မို့ ကျနော်တို့ စက်တင်ဘာလထဲလောက်ကို ကြေညာဖို့ပါ၊ ဒီတခါပြီးရင်တော့ final ပေါ့နော် ဘာလို့ဆို နောက်ထပ်မကြေညာတော့ဘူး"

တစ်နိုင်ငံလုံးက မဲပေးပိုင်ခွင့်ရှိသူစာရင်းတွေကို သီတင်းနှစ်ပတ်ကြာ ကြေညာထားမှာဖြစ်ပါတယ်။ လက်ရှိကောက် ယူထားတဲ့စာရင်းတွေအရ တစ်နိုင်ငံလုံးမှာ မဲပေးခွင့်ရှိသူဦးရေ ၃၂ သန်း ခန့်ရှိတယ်လို့ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းထား သူတွေကို သတ်မှတ်ထားတဲ့ ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိကိုလည်း သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲတွေက စိစစ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။