Washington DC မြို့ကြီးကို ဦးတည်ပြီး ဧရာမ ဆီးနှင်းမုန်တိုင်းကြီး ကျရောက်နေပြီး ရုံးတွေ ကျောင်းတွေ ပိတ်ထားရပါတယ်။
လောလောဆယ် သတင်းရေးနေချိန်မှာ ဆီးနှင်း သုံးလက်မကျော်ကျဆင်းနေပြီဖြစ်ပြီး မုန်တိုင်းလွန်သွားချိန်မှာ ဆီးနှင်းထု နှစ်ပေကျော် ရှိမယ်လို့ မိုးဇလပညာရှင်တွေက ခန့်မှန်းထားပါတယ်။
Washington DC မြို့ရှိ မြေပေါ် မြေအောက် မီးရထားတွေအကုန်လုံးနဲ့ ဘတ်စ်ကားလိုင်းအားလုံးကို သောကြာည ဘက်ပိုင်းကနေ တနင်္လာအထိ ရပ်ဆိုင်းသွားစေခဲ့ပါတယ်။
အရှေ့မြောက်ပိုင်း ပြည်နယ် တစ်ဒါဇင်လောက်ကို ဝင်တိုက်မှာဖြစ်ပြီး လူ သန်း ၇ဝ လောက် ရင်ဆိုင်ကြရမှာ ဖြစ် ပါတယ်။ အာကင်ဆော၊ တယ်နယ်ဆီနဲ့ ကင်တတ်ကီပြည်နယ်တို့မှာ ဆီးနှင်း ငါးလက်မကျော်ကျော်ကျခဲ့ပြီး မြောက် ကယ်ရိုလိုင်းနားပြည်နယ်မှာ တစ်ပေလောက်အထိ ကျခဲ့ပါတယ်။
သောကြာနေ့ မွန်းလွဲပိုင်းကနေ စနေည သန်းခေါင်ကျော်အထိ ဆက်တိုက်ကြမှာမို့ လူတွေကို အိမ်ထဲက အိမ်ပြင် မထွက်ကြဖို့ သက်ဆိုင်ရာကနှိုးဆော်ထားပြီး အရံစစ်တပ်ဖွဲ့ဝင် ၉ဝဝ ကျော်ကို အရေးပေါ်ကယ်ဆယ်ရေး တာဝန်ချထားပါတယ်။
လေယာဉ်ခရီးစဉ်ပေါင်း ၆၂ဝဝ ကို မနေ့ညနေက ပယ်ဖျက်ခဲ့ပြီး နောက်နှစ်ရက်အတွက်လည်း မရေမရာ ဖြစ်နေ တယ်။
