မြန်မာ ရေလုပ်သား ၄ သောင်းကျော် ထိုင်းကို လွှတ်မည်

2018-08-18
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရေလုပ်သားတစ်ဦးကို တွေ့ရစဉ်
ရေလုပ်သားတစ်ဦးကို တွေ့ရစဉ်
Photo: YE AUNG THU / AFP

မြန်မာအစိုးရက ထိုင်းနိုင်ငံ ငါးဖမ်းလုပ်ငန်းမှာ လုပ်ကိုင်ဖို့အတွက် ရေလုပ်သား လေးသောင်းနှစ်ထောင် ခန့် စေလွှတ်လိုကြောင်း ထိုင်း အလုပ်သမားရေးရာဝန်ကြီး Adul Sangsingkeo အဒူလ် ဆန်စင်းကီးယို က စနေနေ့ မနေ့က ပြောပါတယ်။ မြန်မာနိုင်ငံကို သွားရောက်ကာ အလုပ်သမား၊ လူဝင်မှုနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေနဲ့ တွေ့ဆုံပြီး ဘန်ကောက်မြို့ကို ပြန်ရောက်လာတဲ့ ဝန်ကြီးက အခုလို ပြောကြားခဲ့တာပါ။ အဲဒီ မြန်မာ အလုပ်သမား တွေကို ပေးရမယ့် လုပ်ခလစာနဲ့ တခြား လူမှုအခွင့်အရေးကိစ္စတွေကို ဆက်လက်ညှိနိုင်းနေတယ်လို့ လည်း ထိုင်းဝန်ကြီးက ပြောပါတယ်။ မြန်မာအစိုးရနဲ့ စာချုပ်ပြီးရင် အလုပ်သမားတွေကို ရနောင်းမြို့မှာ ရုံးခန်းဖွင့်ပြီး လက်ခံမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ ငါးဖမ်းလုပ်ငန်းအတွက် ရေလုပ်သား ၁ သိန်းကျော် လိုအပ်တဲ့အနက် လက်ရှိမှာ ၅ သောင်းကျော်ပဲ ရှိတာကြောင့် နောက်ထပ် ၅ သောင်း လိုနေတယ်လို့လည်း ထိုင်းဝန်ကြီးကပြောဆိုကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာ ဖေါ်ပြထားပါတယ်။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

Honorable- if overseas work is taken as a learning opportunity, up grading human skill.

Dis honorable- if intended or taken merely as revenue collection/ official human trafficking.

In the early seventies, waves after waves of Japanese doctors came to top American hospitals for training for some 4 years of residency and 2 years of fellowships. None stayed back and grabbed lucrative practicing opportunities. They all went home and worked in Japan. Came up with advanced health care in various specialties and machineries such as CT, angiography units, US units and MRI units- reliable and cheap [1.6 million vs 0.4 million for CT units].
Approximately 30% Chinese went home,
1% Indians went home,
0% Myanmar went home for various reasons.

Aug 20, 2018 12:43 PM

ဆိုက်တခုလုံးသို့