ကျောက်ဆည်မှာ အထပ်သား စက်ရုံ အလုပ်သမားတွေ သပိတ်မှောက် ဆန္ဒပြ


2017.02.28
workers-demand-620.jpg အလုပ်သမားတွေတောင်းဆိုထားတဲ့ တောင်းဆိုချက်များကို တွေ့ရစဉ်
.

မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်က ကံကောင်းခြင်းရတနာအထပ်သားစက်ရုံမှာ အလုပ်ချိန်လျှော့ပေးဖို့၊ လုပ်အားခကိုအရင်အတိုင်းပေးဖို့နဲ့ အခြားခံစား ခွင့်တွေပေးဖို့ အလုပ်သမား ၆၀ ကျော်လောက် ဒီနေ့ သပိတ်မှောက်ဆန္ဒပြနေကြပါတယ်။

အဲဒီစက်ရုံမှာ အလုပ်သမား ၂ ထောင်ကျော်က တနေ့ကို ၈ နာရီနှစ်ဆိုင်းစက်ရုံကိုလည်ပတ်ထားပြီး၊ အလုပ်သမားတယောက်က တပတ်ကို ၆ ရက်လုပ်ရတဲ့အပြင် တနင်္ဂနွေနေ့မှာလဲ အချိန်ပိုအလုပ် ဆင်းပေးရတဲ့အတွက် နားရက်ပုံမှန်မရဘူးလို့ အလုပ်သမားခေါင်းေဆာင် ကိုဌေးကိုကိုမောင်က RFA ကိုပြောပါတယ်။

ဒါကြောင့် တပတ်ကို အလုပ်ချိန် ၆ ရက်အတွက် ၄၈ နာရီအစား ၄၄ နာရီလုပ်ခွင့်ရဖို့၊ တနင်္ဂနွေအချိန် ပိုကို အလုပ်သမားရဲ့ဆန္ဒအတိုင်းသာ လုပ်ခိုင်းဖို့အချက်တွေ အပါအဝင် စုစုပေါင်းတောင်းဆိုချက် (၁၀) ချက်တောင်းဆိုနေတယ်လို့ ဆိုပါတယ်။

အဲဒီစက်ရုံမှာ အလုပ်သမားသပိတ်စုစုပေါင်း ၅ ကြိမ်ရှိနေပြီလို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။