YBS ယာဉ်အားလုံး ပိုက်ဆံပုံးတွေ မနက်ဖြန်နောက်ဆုံးထား တပ်ဆင်ရမည်


2017.07.19
ybs-cush-box-620.jpg YBS ယာဉ်တစ်စီးပေါ်မှာ ယာဉ်စီးခကို ပိုက်ဆံပုံးထဲထည့်နေသည်ကို တွေ့ရစဉ်
Photo: Aung Thain Kha/ RFA

YBS ယာဉ်အားလုံးမှာ ယာဉ်စီးခထည့်ဖို့ ပိုက်ဆံပုံးတွေကို မနက်ဖြန် ဇူလိုင်လ ၂၀ ရက်နေ့ နောက်ဆုံး ထားတပ်ဆင်ဖို့ ညွှန်ကြားထားပေမယ့် ယာဉ်နောက်လိုက်တွေ ဖယ်ရှားမယ့်ကိစ္စကိုတော့ ညွှန်ကြား ထားတာ မရှိသေးဘူးလို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောပါတယ်။

ပိုက်ဆံပုံးတွေ တပ်ဆင်တဲ့ကိစ္စပြီးမှ ယာဉ်နောက်လိုက်တွေကိစ္စကို စီစဉ်မှာဖြစ်တယ်လို့ ဒေါက်တာမောင်အောင် က ပြောပါတယ်။

"ပထမအဆင့်က ကျနော်တို့က စပယ်ယာကို မပြောသေးဘူး။ ကားတိုင်းကို cash box ပိုက်ဆံပုံးတပ်ရမယ် ပြောထားတာ။ တပြိုင်နက်တည်း ကျနော်တို့ မလုပ်ဘူး။ အားလုံး မနက်ဖြန်အပြီး cash box တပ်ရမယ် ပြောတာနော်။ ဒါပြီးမှ ကျနော်တို့က ဘယ်လို ဒီ စပယ်ယာကို ဘယ်လို လုပ်မလဲဆိုတာ ပြန်ပြော ပါမယ်။"

YRTA ရဲ့ ညွှန်ကြားချက်ကို မလိုက်နာဘဲ ပိုက်ဆံပုံး မထားရှိတဲ့ ယာဉ်တွေကို ယာဉ်လိုင်းကနေ ထုတ်ပယ်တဲ့အထိ အရေးယူမှာဖြစ်တယ်လို့ သိရပါတယ်။

အချို့ YBS ယာဉ်လိုင်းတွေမှာ ကိုယ်ရကိုယ်ယူစနစ်ကို ဆက်ပြီးကျင့်သုံးနေသေးတဲ့အတွက် ယာဉ်နောက်လိုက်တွေ ကို ဖယ်ရှားလို့ မရသေးဘူးလို့ ပြောပါတယ်။

ပိုက်ဆံပုံးတွေ တပ်ပြီးရင် ခရီးသည်တွေ အနေနဲ့ ယာဉ်နောက်လိုက်တွေကို ယာဉ်စီးခ မပေးဘဲ ပိုက်ဆံပုံးတွေ ထဲကိုပဲ ထည့်ရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့က စတင်ပြီး အရင် မထသ စနစ်ကနေ YBS စနစ်ကို ပြောင်းလဲ ခဲ့တာဖြစ်ပါတယ်။ အဲဒီလို ပြောင်းလဲခဲ့ပေမယ့် ယာဉ်လုပ် သားတွေရဲ့ ခရီးသွားတွေအပေါ် ဆက်ဆံရေး မပြေပြစ်တာနဲ့ ယာဉ်စည်း ကမ်းဖောက်ဖျက်မှုတွေကြောင့် ဝေဖန်မှုတွေ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။