ဒေသခံခြောက်ဦးကို ဒလန်လို့ စွပ်စွဲသတ်ခဲ့တဲ့ YDF ကို တာဝန်ယူဖြေရှင်းဖို့ ယောကာကွယ်ရေးအဖွဲ့တွေပြော

2022.08.23
ဒေသခံခြောက်ဦးကို ဒလန်လို့ စွပ်စွဲသတ်ခဲ့တဲ့ YDF ကို တာဝန်ယူဖြေရှင်းဖို့ ယောကာကွယ်ရေးအဖွဲ့တွေပြော ယောကာကွယ်ရေးတပ် (YDF) တပ်ဖွဲ့ဝင်တချို့အား တွေ့ရစဉ်
ဓာတ်ပုံ - ယောကာကွယ်ရေးတပ် - YDF

မကွေးတိုင်း၊ ဆောမြို့မှာ ဩဂုတ်လ ၂၁ ရက်နေ့က ဒေသခံခြောက်ဦးကို ဒလန်လို့ စွပ်စွဲပြီး သတ်ဖြတ်ခဲ့တဲ့ ယောကာကွယ်ရေးတပ် (YDF) ကို ရှုတ်ချကြောင်းနဲ့ တာဝန်ယူဖြေရှင်းဖို့ ယောဒေသ ကာကွယ်ရေးအဖွဲ့တွေက ပြောဆိုထားသလို YDF ဗဟိုကလည်း စုံစမ်းစစ်ဆေး သွားမယ်လို့ မနေ့ညက သတင်းထုတ်ပြန်ပါတယ်။

ဩဂုတ်လ ၂၁ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်က ဆောမြို့မှာ နေထိုင်တဲ့ အသက် ၆၁ နှစ် အရွယ် ဦးခင်မောင်လင်းရဲ့ နေအိမ်ကို ယောကာကွယ်ရေးတပ် (YDF) က သွားရောက်ပြီး အဲဒီအိမ်မှာရှိနေတဲ့ ဦးခင်မောင်လင်း အပါအဝင် ခြောက်ဦးကို ပစ်သတ်ခဲ့တာပါ။

ဒါကြောင့် နေအိမ်မှာရှိနေတဲ့ အသက် ၆၁ နှစ်အရွယ် အိမ်ရှင် ဦးခင်မောင်လင်း၊ ဇနီးဖြစ်သူ အသက် ၅၉ နှစ်အရွယ် ဒေါ်ယဉ်ငွေ၊ ဦးခင်မောင်လင်းရဲ့ ညီ အသက် ၅၈ နှစ်အရွယ် ဦးဇော် ဌေး၊ အသက် ၃၇ နှစ်အရွယ် ချွေးမ ဒေါ်ခင်မာသက်၊ အသက် ၁၃ နှစ်အရွယ် မြေးဖြစ်သူ မသက်ငြိမ်းအေးနဲ့ အသက် ၅၂ နှစ်အရွယ် ဦးအောင်သိန်းဝင်းတို့ သေဆုံးခဲ့တယ်လို့ ဆော မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အသက် ၁၇ နှစ်အရွယ် မောင်မြတ်ဘုန်းခန့်နိုင်နဲ့ ဦးခင်မောင်ကြည် ဆိုသူတို့ကတော့ ထိ ခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ဟာ စစ်ကောင်စီရဲ့ သတင်းပေးဒလန် မဟုတ်ဘဲ သတ်ဖြတ်ခံရတာလို့ ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"ဒီနေရာမှာ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေရှိတယ်ပေါ့။ တိုင်တန်းတယ်ဆိုတိုင်း ဘယ် နေရာမှာ ဘယ်လိုလုပ်ခဲ့တာလဲ၊ သက်သေရှိလား ဒါတွေ စိစစ်ရမယ်။ တိကျရမယ်။ အနီးနားက သက်ဆိုင်ရာ မိသားစုအပြင် မြို့ခံလူတွေကပါ သူတို့ ဒလန်မဟုတ်ဘူးလို့ ထောက်ခံပေးနေကြတယ်။ လူ့အသက်တွေကို တန်ဖိုးမထားတဲ့ အကြမ်းဖက် စစ်ကောင် စီကို တိုက်ခိုက်နေရင်းမှာပဲ ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်စည်းစိမ်ကို တန်ဖိုးထားရ မယ်"

YDF အဖွဲ့ဟာ ရွှေထည်ပစ္စည်း၊ ငွေသားနဲ့ အိမ်စီးကားတွေကိုပါ ယူဆောင်သွားတယ်လို့ ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောထားပြီး YDF ဘက်ကတော့ သက်သေခံ ပစ္စည်းအနေနဲ့ ခေတ္တသိမ်းထားတာလို့ ဖြေရှင်းထားပါတယ်။

ဒီကိစ္စအပေါ် ရှုတ်ချကြောင်းနဲ့ သက်ဆိုင်တဲ့အဖွဲ့တွေအနေနဲ့ တာဝန်ယူဖြေရှင်းရမယ်လို့ ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အပါအဝင် ဆောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ လောင်း ရှည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ The Youth Force (Saw & Kyaukhtu)၊ ကျောက်ထု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကိုရီးယားရောက် ယောသူ ယောသားများ အဖွဲ့တို့က ပူးတွဲ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

သွားရောက်ပစ်သတ်ခဲ့တဲ့ YDF အဖွဲ့ကတော့ ဦးခင်မောင်လင်းဟာ ပျူစောထီး ခေါင်း ဆောင်ဖြစ်သလို မူးယစ်ဆေး ရောင်းချတာ၊ လောင်းကစား လုပ်ကိုင်တာနဲ့ လူငယ်တွေ ကိုဖမ်းဆီးဖို့ လမ်းပြသူအဖြစ် တိုင်ကြားမှု ငါးကြိမ်ရခဲ့လို့ သွားရောက်စစ်ဆေးရင်း ဓားနဲ့ ပြန်တိုက်ခိုက်တာနဲ့ သေနတ်လုဖို့ ကြိုးစားတာကြောင့် ပစ်ခတ်ခဲ့တာလို့ ဖြေရှင်းထား ပါတယ်။

YDF ဗဟိုကလည်း ဒီကိစ္စကို စုံစမ်းစစ်ဆေးပြီး မမှန်မကန်ထွက်ဆိုမှု၊ မတရားကျူးလွန်မှု၊ တာဝန်နဲ့ စစ်စည်းမျဉ်း စည်းကမ်းတွေကို ကျော်လွန်လုပ်ဆောင်တာ တွေ့ရမယ်ဆိုရင် ကျူးလွန်သူတွေကို အရေးယူပြီး မိသားစုဝင်တွေကို ကျေနပ်တဲ့အထိ တောင်းပန်သွားမယ် လို့ ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။