ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ တွေ့ဆုံ


2016.12.22
phyominthein-620 ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို တွေ့ရစဉ်
Photo: RFA

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ရွေးကောက်ပွဲ အောင်နိုင် ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေကို ဒီနေ့ တိုင်းဒေသကြီးလွှတ်တော်ရုံးမှာ ခေါ်ယူတွေ့ဆုံ ခဲ့ပါတယ်။

အစိုးရနဲ့ လွှတ်တော်ပူးပေါင်းဆောင်ရွက်နိုင်မယ့်လုပ်ငန်းတွေ၊ အစိုးရဘက်က အကောင်အထည်ဖော်ဖို့ ပြင် ဆင်နေတဲ့လုပ်ငန်းတွေကို ချပြဆွေးနွေးခဲ့သလို ပါတီတွင်းကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ကြတယ် လို့ တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

အစိုးရအဖွဲ့ ဖွဲ့စည်းပြီးနောက်ပိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အန်အယ်လ်ဒီပါတီက ထိပ်ပိုင်းခေါင်းဆောင်တွေဟာ ရန်ကုန်တိုင်းအတွင်းက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ဖူးပြီး လက်ရှိအကြိမ်တွေ့ဆုံမှုဟာ ဒုတိယ အကြိမ်ဖြစ်ပါတယ်။

နောက်ပိုင်းမှာလည်း တစ်လတစ်ကြိမ် ပုံမှန်တွေ့ဆုံဖို့ သဘောတူခဲ့ကြတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေ က ပြောပါတယ်။

ပြီးခဲ့တဲ့၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ် ၄၅ မြို့နယ်မှာ ကိုးကိုးကျွန်း မြို့နယ်က ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)နဲ့ (၂)နဲ့ ဆိပ်ကမ်းမြို့နယ်က တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ် (၂) စုစုပေါင်း မဲဆန္ဒနယ် ၄ ခုကလွဲပြီး ကျန်မဲဆန္ဒနယ်မြေတွေမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲအောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပွဲကို မြို့တော်ဝန် ဦးမောင်မောင်စိုး ကလွဲပြီး ကျန်ဝန်ကြီးတွေအားလုံး တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။