တောင်ဥက္ကလာပမြို့နယ် အာဇာနည်နေ့ ဟောပြောပွဲ ဖိအားပေးခံရ


2016.07.15
htinlinoo-620.jpg ရန်ကုန်တိုင်း အထက (၂) တောင်ဥက္ကလာပမြို့နယ် အထက်တန်းကျောင်းသားတွေအတွက် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲမှာ စာရေးဆရာ ထင်လင်းဦး ဟောပြောနေတာကို ဇူလိုင်လ ၁၅ ရက်နေ့က တွေ့ရစဉ်
Photo: Htin Lin Oo (facebook)

ရန်ကုန်တိုင်း အထက (၂) တောင်ဥက္ကလာပမြို့နယ်က အထက်တန်းကျောင်းသားတွေအတွက် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲကို ဒီနေ့ ကျင်းပခဲ့ပြီး၊ စာရေးဆရာ ထင်လင်းဦးနဲ့ လူမှုရေးတက်ကြွ လှုပ်ရှားသူ ကိုနေမျိုးဇင်တို့က ဧည့်သည်အဖြစ် ဟောပြောခဲ့ကြပါတယ်။

သူတို့ကိုဟောပြောခွင့်ပြုတဲ့အတွက် အထွေထွေအုပ်ချုပ်ရေးဌာနရဲ့ ဖိအားကြောင့် မြို့နယ်ပညာရေးမှူး က ကျောင်းအုပ်ကိုခေါ်ပြီး မေးမြန်းတာရှိတယ်လို့ ကိုနေမျိုးဇင်က ပြောပါတယ်။

"ကျနော်တို့လည်း ပြောလို့ပြီးရော ချက်ချင်းခရိုင်ထွေအုပ်ကနေပြီးတော့ ခိုင်းလို့ဆိုပြီးတော့ မြို့နယ်ထွေအုပ်က ချက်ချင်းရောက်ချလာတယ်၊ ဘာကြောင့်မို့လို့ ဒီလူတွေ ခေါ်ခိုင်းတာလဲတို့ ဘာတို့ ကျောင်းအုပ်ကြီးကို လာမေးတယ်၊ ချက်ချင်းပဲ ပညာရေးမှူးရုံးက ကျောင်းအုပ်ကြီးကို အခုပဲခေါ်လို့ ကျောင်းအုပ်ကြီး သွားတွေ့တယ်"

ဟောပြောပွဲမှာ ကျောင်းသား ၅ ရာလောက် တက်ရောက်နားထောင်ကြပြီး၊ ကျောင်းသားတွေကလည်း တက်တက်ကြွကြွ ဟောပြောကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။