ရန်ကုန်တိုင်း အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းတွေနဲ့ ပါတီ CEC တွေ့ဆုံ


2017.02.20
nld-cec-620.jpg အန်အယ်လ်ဒီကိုယ်စားလှယ်လောင်းတွေကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ရန်ကုန်မြို့ရွှေဂုံတိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ တွေ့ရစဉ်
Photo: Kyaw Zawe Win/ RFA

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ တက်တက်ကြွကြွ လုပ်ဆောင်ကြဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေက ပါတီကိုယ်စား လှယ်လောင်းတွေကို တိုက်တွန်းလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်မြို့ရွှေဂုံတိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပတဲ့ ပါတီလွှတ်တော် ကိုယ်စား လှယ်လောင်းတွေနဲ့ ပါတီတာဝန်ရှိသူတွေ တွေ့ဆုံပွဲ မှာ ပြောကြားခဲ့တာဖြစ်တယ်လို့ လှိုင်သာယာမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမင်း က ပြောပါတယ်။

ဒီနေ့တွေ့ဆုံပွဲကို အမျိုးသားဒီမိုကရေအဖွဲ့ချုပ် နာယက သူရဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေဖြစ်တဲ့ ဦးဖြိုးမင်းသိန်း၊ ကြားဖြတ်ရွေးကောက် ပွဲကျင်းပမယ့် ရန်ကုန်တိုင်းအတွင်း မြို့နယ် ၁၁ မြိ့နယ်က လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦး ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းအတွင်း ပြည်သူ့လွှတ်တော် ၄နေရာ နဲ့ အမျိုးသားလွှတ်တော် ၁ နေရာ စုစုပေါင်း လစ်လပ်မဲဆန္ဒနယ် ၅နေရာ ရှိပါတယ်။

ရန်ကုန်တိုင်းအတွင်း မဲပေးခွင့်ရှိသူ ၉ သိန်းကျော်ရှိပြီး မဲရုံပေါင်း ၉၀၀ ကျော် လျာထားတယ်လို့ သိရပါတယ်။

လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့ကစပြီး လာမယ့် မတ်လ ၃၀ ရက်နေ့ အထိ မဲဆွယ်စည်းရုံးခွင့်ရရှိထား တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။