ဝန်ကြီးတွေ ကားသစ်ဝယ်ယူခွင့်ပြုပေးဖို့ ဥက္ကဋ္ဌ မေတ္တာရပ်ခံ

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေရဲ့ ကားအသစ်တွေ ဝယ်ယူဖို့ ၂ဝ၁၈ -၂ဝ၁၉ ခုနှစ်ဘဏ္ဍာနှစ်မှာ ဘတ်ဂျက်ထည့်သွင်းလျာထားတဲ့အပေါ် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကန့်ကွက်မှုပြင်းထန်တဲ့အတွက် တိုင်းလွှတ်တော် ဥက္ကဋ္ဌက ကြားဝင်ညှိနှိုင်းပေးရတဲ့အခြေအနေ ဖြစ်ခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ဝန်ကြီးတွေရဲ့ မော်တော်ယာဉ် ဝယ်ယူမှုကို ခွင့်ပြုပေးဖို့ သူ့အနေနဲ့ မေတ္တာရပ်ခံကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေကို ပြောကြားခဲ့ပါတယ်။

ဆိပ်ကြီးခနောင်တိုမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဝန်ကြီးတွေအတွက် ကားဝယ်ယူဖို့ကိစ္စကို လွှတ်တော်က သဘောတူခဲ့မယ်ဆိုရင်တောင် ဘဏ္ဍာရေးနဲ့ စီမံကိန်းကော်မတီ အနေနဲ့ ကန့်ကွက်ကြောင်း ပြောခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပေးပို့တဲ့ ''၂ဝ၁၈-၂ဝ၁၉ ခုနှစ် ရန်ကုန်တိုင်း ဒေသကြီးရဲ့ အရအသုံးခန့် မှန်းခြေ ငွေစာရင်း လျာထားချက်နဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးက ရှင်းလင်းခဲ့တာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပေးပို့တဲ့ ''၂ဝ၁၈-၂ဝ၁၉ ခုနှစ် ရန်ကုန်တိုင်း ဒေသကြီးရဲ့ အရအသုံးခန့် မှန်းခြေ ငွေစာရင်းလျာထားချက်နဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်ထံ ဆက်လက်တင်ပြဖို့ စီစဉ်ထားပါတယ်။