ဂျပန် မစ်ဆူဘီရှီ ကုမ္ပဏီ မြန်မာနိုင်ငံမှာ မြစ်ရေ သန့်စင်စက်ရုံ တည်ထောင်မည်
2017.07.06

Photo: RFA
ဂျပန် မစ်ဆူဘီရှီ ဓါတုပစ္စည်း ကုမ္ပဏီက မြန်မာနိုင်ငံမှာ မြစ်ရေသန့်စင်စက်ရုံ တည်ဆောက်မယ်လို့ သိရပါတယ်။
မစ်ဆူဘီရှီ ဓါတုကုမ္ပဏီရဲ့ တိုကျိုအခြေစိုက် Wellthy ကုမ္ပဏီခွဲက Myanmar Water Engineering & Products MWEP နဲ့ ဖက်စပ်လုပ်ကိုင်မှာဖြစ်ပြီး၊ ရေအရင်းအမြစ်အဖြစ် ရန်ကုန်မြစ်ရေကို သုံးစွဲမှာဖြစ်ပါတယ်။
တစ်ရက်ကို ရေသန့်တန်ချိန် ၅၄၀၀ ထုတ်လုပ်မှာဖြစ်ပြီး၊ အဲဒီပမာဏဟာ ဒေသခံ နှစ်သောင်းခုနစ်ထောင်အတွက် လုံလောက်တယ်လို့ ဆိုပါတယ်။
ဒီဖက်စပ်လုပ်ငန်းမှာ Wellthy က အကျိုးအမြတ် ၆၀ ရာခိုင်နှုန်း ရရှိမှာဖြစ်ပါတယ်။
Wellthy ကုမ္ပဏီဟာ ပြည်ပဖက်စပ် ရေသန့်လုပ်ငန်းအဖြစ် ကင်ညာနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ လုပ်ကိုင်နေပြီး၊ မြန်မာက တတိယမြောက် ဖြစ်ပါတယ်။