ြပည်တွင်းငြိမ်းချမ်ရေးနဲ့ ပတ်သက်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ တပ်မတော်တို့က RCSS၊ KNPP၊ KNU တို့ကို ရန်ကုန်နဲ့ နေပြည်တော်မှာ ခေါ်ယူတွေဖို့ရှိတဲ့အကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။
ဒီကနေ့ နေပြည်တော် နိုင်ငံတော်သမ္မတအိမ်တော်မှာ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောလိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ဖြစ်တဲ့ KIA TNLA MNDAA AA အဖွဲ့တို့နဲ့လည်း ဇူလိုင်လ အတွင်းမှာ နောက်ထပ်တွေ့ဆုံဖို့ရှိတယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။
ရခိုင်ပြည်နယ်ထဲ အင်တာနက်လိုင်းပိတ်ထားတာကို ပြန်ဖွင့်ပေးဖို့အတွက်လည်း အချိန်စောင့်ရဦးမယ်လို့ ပြောကြားခဲ့ပါတယ်။
ရခိုင်ပြည်နယ်ထဲက တိုက်ပွဲတွေ ရပ်တန့်ပေးဖို့အတွက်ဆိုရင်တော့ စားပွဲဝိုင်းမှာ လာရောက်ဆွေးနွေးမှသာ ဖြစ်နိုင်မယ်လို့လည်း ပြောကြားခဲ့ပါတယ်။
(RFA သတင်းထောက် ကိုထက်အာကာ ပေးပို့သည်)
