နိုင်ကျဉ်းမရှိကြောင်း အကျဉ်းဦးစီး ထုတ်ပြန်ချက် နိုင်ကျဉ်းအဖွဲ့တွေဝေဖန်

0:00 / 0:00

မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ပြီး အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေ မရှိတဲ့အကြောင်း အကျဉ်းဦးစီးဌာနရဲ့ တရားဝင်အင်တာနက် ဝက်ဘ်ဆိုက်ကနေ ဒီကနေ့ ကြေညာလိုက်ပါတယ်။

ဒီကြေညာချက်ဟာ အစိုးရကို စော်ကားရာရောက်ပြီး ခေတ်အဆက်ဆက်နိုင်ငံရေးအကျဉ်းသားဟောင်းတွေကိုလည်း ပျက်ရယ်ပြုသလို ဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ AAPP က ပြောလိုက်ပါတယ်။

RFA သတင်းထောက် ကိုအောင်သိင်္ခ က တင်ပြထားပါတယ်။