0:00 / 0:00
အထွေထွေရွေးကောက်ပွဲ ရလဒ်မဲစာရင်းတွေကို မနေ့ညက ရေတွက်နေစဉ်မှာ တစ်ချို့မဲဆန္ဒနယ်မြေတွေမှာ ကြိုတင်မဲလက်မှတ်တွေ အထုပ်လိုက် ရောက်ရှိလာတာတွေ ရှိတဲ့အတွက် ကြိုတင်မဲနဲ့ပတ်သက်ပြီး ကန့်ကွက်မှုတွေ ရှိနေပါတယ်။
တောင်ကြီး၊ လားရှိုး၊ အမ်း၊ ကျိုင်းတုံ၊ မြစ်ကြီးနား စတဲ့ မြို့နယ်တွေမှာ ရောက်ရှိလာတဲ့ ကြိုတင်မဲတွေနဲ့ပတ်သက်ပြီး RFA သတင်းထောက် မခင်ပြည့်စုံ က တင်ပြထားပါတယ်။
