ထောင်ဆူပူမှုတွေအပေါ် NLD သံသယဖြစ်

0:00 / 0:00

လူသေဆုံးမှုအထိရှိခဲ့တဲ့ ရွှေဘိုအကျဉ်းထောင်ဆူပူမှုကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပြီး ထောင်တွင်းဆူပူမှု ဗွီဒီယိုဖိုင်တွေ လူမှုကွန်ရက်မှာ တပြိုင်နက်တည်း ထုတ်လွှင့်တာတွေကိုလည်း ထောင်ဥပဒေအရ အရေးယူသွားမယ်လို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောပါတယ်။

တချိန်တည်းမှာပဲ NLD ပါတီပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်ကလဲ အကျဉ်းထောင် ခြောက်ခုမှာ ဆက်တိုက်ဆန္ဒပြတာဖြစ်လာတာ ထူးဆန်းနေပြီး၊ နောက်ကွယ်ကကြိုးကိုင်သူရှိတယ်လို့ သံသယဖြစ်မိကြောင်း ပြောပါတယ်။

RFA ဝိုင်းတော်သူ မခင်ခင်အိ တင်ပြထားပါတယ်။