ရတနာပုံတက္ကသိုလ်အမှုနဲ့ သတင်းမီဒီယာကောင်စီ

0:00 / 0:00

မန္တလေး ရတနာပုံတက္ကသိုလ်မှာ သတင်းမီဒီယာတွေ လွတ်လပ်စွာသတင်းရယူပိုင်ခွင့်နဲ့ ပတ်သက်ပြီး ဖြစ်ပွားခဲ့တဲ့ပြဿနာကို သတင်းမီဒီယာကောင်စီထံ တိုင်ကြားလာခဲ့တာကြောင့် စုံစမ်းစစ်ဆေးဖို့ ဒီလဆန်းပိုင်း ကော်မတီတစ်ရပ် ဖွဲ့စည်းပေးခဲ့ပါတယ်။

အဲဒီအဖွဲ့က စုံစမ်းစစ်ဆေးဖို့ သွားရောက်ရာမှာ ရတနာပုံတက္ကသိုလ် တာဝန်ရှိသူနဲ့ မပြေမလည်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သတင်းမီဒီယာကောင်စီကို တိုင်ကြားလာတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ကောင်စီဘက်က ဥပဒေနဲ့အညီ စုံစမ်းစစ်ဆေးတာကို လက်တွဲပူးပေါင်း ဆောင်ရွက်ပေးကြဖို့ သတင်းမီဒီယာကောင်စီက မနေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

RFA သတင်းထောက် မသီရိမင်းဇင် စုစည်းတင်ပြထားပါတယ်။