ချောင်းဆုံ အမတ်လောင်း ဒေါက်တာအောင်နိုင်ဦးနဲ့ တွေ့ဆုံမေးမြန်းခြင်း

ပြီးခဲ့တဲ့ ၂၀၁၀နဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေမှာ ဆက်တိုက်အောင်နိုင်ခဲ့တဲ့ ချောင်းဆုံမြို့နယ် ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)ရဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးဟာ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း သူအောင်နိုင်ထားတဲ့ မဲဆန္ဒနယ်မြေကပဲ ရွေးကောက်ပွဲ ဆက်ပြီးဝင်ပြိုင်မှာပါ။

ဒီတစ်ကြိမ်မှာ မွန်ပါတီတွေပေါင်းစည်းထားတဲ့ မွန်ညီညွတ်ရေးပါတီကို ကိုယ်စားပြုဝင်ပြိုင်မှာဖြစ်ပြီး ရွေးကောက်ပွဲအောင်နိုင်ခဲ့ရင် အစိုးရစီမံခန့်ခွဲမှုတွေမှာ လွဲချော်မှုတွေရှိခဲ့ရင် တည့်မတ်ထိန်းကျောင်းတာ၊ မူဝါဒကောင်းနဲ့ လိုအပ်တဲ့ ဥပဒေပြုပြင်ပြောင်းလဲမှုတွေကို အကောင်အထည်ဖော်မယ်လို့ ပြောပါတယ်။

မွန်ညီညွတ်ရေးပါတီ MUP ရဲ့ ကိုယ်စားလှယ်လောင်း ဒေါက်တာအောင်နိုင်ဦးကို RFA သတင်းထောက် ကိုဉာဏ်စိုးဝင်းက တွေ့ဆုံမေးမြန်းထားပါတယ်။