ရွေးကောက်ပွဲနိုင်ခဲ့တဲ့ KSPP ဥက္ကဋ္ဌ ဒေါက်တာ မနမ်တူးဂျာနဲ့ တွေ့ဆုံမေးမြန်းချက်

အဲလိဇဘက်ဂျန်မာ
2020.11.13

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP က ကချင်ပြည်နယ်အတွင်းက အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်နဲ့ မိုးမောက်မြို့နယ်တွေမှာ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် သုံးနေရာနဲ့ ပြည်သူ့လွှတ်တော် တစ်နေရာ ရွေးကောက်ပွဲ အောင်နိုင်ခဲ့ပါတယ်။

ရွေးကောက်ပွဲကို ပါတီက မျှော်မှန်းထားသလောက်မနိုင်ခဲ့ပေမယ့် တရားမျှတတဲ့ ရွေးကောက်ပွဲလို့ လက်ခံကြောင်းနဲ့ အစိုးရဖွဲ့နိုင်တဲ့အထိ အနိုင်ရခဲ့တဲ့ NLD ပါတီအနေနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ကြောင်း KSPP ဥက္ကဋ္ဌ ဒေါက်တာ မနမ်တူးဂျာ ကပြောပါတယ်။

အင်ဂျန်းယန်မြို့နယ် ပြည်နယ်လွှတ်တော် အမှတ် (၁) မှာ အနိုင်ရခဲ့တဲ့ ဒေါက်တာ မနမ်တူးဂျာ ကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ က တွေ့ဆုံမေးမြန်းထားပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။