ဝင်ငွေခွန်ကင်းလွတ်ခွင့် ဇုန်တွေတိုင်းနဲ့ ပြည် နယ်အသီးသီးမှာ ခွဲခြားသတ်မှတ်

2016-11-14
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ဖွံ့ဖြိုးတိုးတက်မှုအနေအထားအလိုက် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြုပ်နှံသူတွေကို ဝင်ငွေခွန်ကင်းလွတ်ခွင့်တွေ ပေးဖို့အတွက် ဇုန် ၃ ဇုန် ခွဲခြားသတ်မှတ်ပြီး တင်ပြဖို့ ပြည်ထောင်စုအစိုးရက တိုင်းနဲ့ ပြည်နယ် အစိုးရအဖွဲ့တွေထံ ညွန်ကြားထားပါတယ်။

လတ်တလော စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်တွေမှာ ဇုန်ခွဲခြားသတ်မှတ်မှုတွေ ဆောင်ရွက်နေပါတယ်။ စစ်ကိုင်းတိုင်း မြို့နယ်၃၇ မြို့နယ်ကို ဖွံ့ဖြိုးတိုးတက်မှုအလိုက် ဇုန်ခွဲခြား သတ်မှတ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့