အန္တရာယ်ရှိ အဆောက်အဦးတွေကိစ္စ တိတိကျကျ ကိုင်တွယ်သင့်

2020-06-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ဇွန်လ ၂၁ ရက်၊ မနေ့ည ၁၀ နာရီကျော်က ရန်ကုန်မြို့လယ် ပန်းဘဲတန်းမြို့နယ် လမ်း ၃၀ အောက်ဘလောက်မှာရှိတဲ့ အိမ်နံပတ် ၄၈ ပြိုကျခဲ့ပါတယ်။ လူတွေ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ကနဦး ကြားသိထားပေမယ့်၊ ဒီလထဲမှာ အဲဒီလိုဖြစ်တာ တိုက်သုံးလုံး ရှိနေပါပြီ။

ဒါကြောင့် ရန်ကုန်မြို့က အန္တရာယ်ရှိ အဆောက်အဦးတွေကိစ္စ ဘယ်လိုစီမံဆောင်ရွက်သင့်လဲဆိုတာကို ပန်းဘဲတန်းမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ဦးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့