စစ်ကောင်စီမုချကျဆုံးတော့မယ်လို့ ဗိုလ်ကြီးဟောင်း နေမျိုးဇင် ပြော

တင်အောင်ခိုင်
2023.04.25

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)နဲ့ အာဏာမသိမ်းခင် ၂ဝ၁၉ ခုနှစ်က အကျဉ်းကျခံခဲ့ရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ဟာ ပြီးခဲ့တဲ့ ၂ဝ၂၂ခုနှစ် သြဂုတ်လက ပြန်လွတ်လာခဲ့ပါတယ်။

သူ့ကိုထောင်ကလွှတ်လိုက်ပေမဲ့ နေအိမ်ကနေ မြို့နယ်ကျော် သွားလာမှုတွေ ကန့်သတ်ခံရတဲ့အပြင် တပ်မတော်ခေါင်းဆောင်တွေကို ဝေဖန်ပြောဆိုတာ မလုပ်ပါဆိုတဲ့ ခံဝန်ကတိနဲ့နေထိုင်ခဲ့ရပါတယ်။ ဗိုလ်ကြီးနေမျိုးဇင်ဟာ ဧပြီလ ၁၂ ရက်နေ့က မိသားစုနဲ့အတူ နေအိမ်ကနေ ထွက်ခွာခဲ့ပြီး လွတ်မြောက်နယ်မြေကို ရောက်ရှိခဲ့ပါတယ်။

သူဟာ မြန်မာတိုင်းရင်းသားတစ်ရပ်လုံး ရင်ဆိုင်နေရတဲ့ အာဏာရှင်ကို တွန်းလှန်တဲ့တိုက်ပွဲမှာ ပါဝင်သွားမှာဖြစ်တယ်လို့ RFA နဲ့ သီးသန့်ဆက်သွယ်မေးမြန်းခန်းမှာ ပြောဆိုခဲ့ပါတယ်။

ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို ဦးတင်အောင်ခိုင် ဘန်ကောက်မြို့ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။