စစ်ကောင်စီတပ်အတွင်း ဘာသာရေးခွဲခြားမှုတွေရှိနေတယ်လို့ CDM စစ်သားနဲ့ ဇနီးပြောဆို

တင်အောင်ခိုင်
2023.06.08

စစ်ကောင်စီတပ်အတွင်း ဗုဒ္ဓဘာသာဝင်မဟုတ်သူတွေကို ချိုးနှိမ်မှုတွေရှိနေတယ်လို့ CDM ဝင်ပြီး လွတ်မြောက်နယ်မြေကိုရောက်ရှိလာတဲ့ ဒုတပ်ကြပ် အောင်အောင်နဲ့ အစ္စလာမ်ဘာသာဝင်ဖြစ်သူ ဇနီး ဒေါ်ချိုချိုမြင့်က ပြောပါတယ်။

ဒုတပ်ကြပ် အောင်အောင်ဟာလည်း လုပ်သက် နှစ် ၂ဝ နီးပါးကြာမှ ဒုတပ်ကြပ်ရာထူးကိုရခဲ့တာပါ။ သူ့ရဲ့ဇနီးသည်နဲ့ သားသမီးတွေကို ဓမ္မစင်္ကြာနဲ့ ဘုရားဝတ်ပြုပွဲတွေကို မတက်မနေရ တက်ခိုင်းပြီး တက်ရောက်ဖို့ ပျက်ကွက်ရင် အပြစ်ဒဏ်ချမှတ်တယ်လို့ပြောပါတယ်။

ဒီလုပ်ရပ်တွေကို တပ်ရင်းမှူးရဲ့ ဇနီးဖြစ်သူက ဦးစီးဆောင်ရွက်တာဖြစ်တယ်လို့ဆိုပါတယ်။ လွတ်မြောက်နယ်မြေကိုရောက်ရှိလာတဲ့ အင်ဂျင်နီယာတပ်က ဒုတပ်ကြပ် အောင်အောင်နဲ့ ဇနီး ဒေါ်ချိုချိုမြင့်ကို ဦးတင်အောင်ခိုင် ဘန်ကောက်မြို့ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။