မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကစပြီး အင်ဒိုနီးရှားအစိုးရနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရအကြား တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က RFA ကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာ့အရေး အဓိကပါဝင်ပတ်သက်နေသူတွေနဲ့ တိတ်တဆိတ်ဆွေးနွေးနေတယ်လို့ မနေ့က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အခုလို အင်ဒိုနီးရှားအစိုးရနဲ့ တွေ့ဆုံမှုတွေနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။