“မန္တလေးတိုင်းကို ပြည်သူ့လွတ်မြောက်နယ်မြေဖြစ်လာဖို့ ရည်မှန်းထားတယ်”
စန်းမော်အောင် (ဝါရှင်တန်ဒီစီ)
2024.07.03
2024.07.03
မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဇွန်လ ၂၅ ရက်နေ့ကစတဲ့ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးအတွင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး (MDY-PDF) က ပူးပေါင်းပါဝင်တိုက်ခိုက်နေပါတယ်။ မတ္တရာမြို့နယ်က စခန်းသိမ်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီ တပ်စခန်းရှစ်ခုကို Mandalay PDF နဲ့ ပူးပေါင်းအဖွဲ့တွေက သိမ်းယူနိုင်ခဲ့ပါတယ်။
မန္တလေးအတွင်း ရှေ့တန်းစစ်မြေပြင်အခြေအနေနဲ့ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး (MDY-PDF) ရဲ့ စစ်ဦးစီးအဖွဲ့ဝင် ကိုစိုးသူရဇော်ကို RFA သတင်းထောက် မစန်းမော်အောင် ဆက်သွယ်မေးမြန်းထားပါတယ်။